Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

တောင်ကုတ်မြို့အား AA သိမ်းပိုက် ထိန်းချုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အား  နိုဝင်ဘာလ (၂၄) ရက်နေ့မှ စတင်ကာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 

Photo - AA

စစ်ကောင်စီ၏ တောင်ကုတ်မြို့ပြင်ပရှိစခန်းများဖြစ်သော-

(၁) တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊

(၂) တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊

(၃) အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊

(၄) ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများ၊

(၅) တောင်ကုတ်မြိုအဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊

(၆) တောင်ကုတ်မြို၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊

(၇) ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏ စခန်း၊

(၈) ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊

(၉) သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနှင့်

(၁၀) တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်း တိုအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက် မှ (၂ဝ) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်ကြောင်း AA မှထုတ်ပြန်သည်။ 

တောင်ကုတ်မြို့ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီ၏ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA ကဆိုသည်။

လက်ရှိအချိန်တွင် တောင်ကုတ်မြို့ အတွင်း၌ စစ်ကောင်စီတပ်ဖွဲဝင်များ တယောက်မျှမရှိတော့ဘဲ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူရန်ချောင်းနေကြသော သူခိုးများသာ ကျန်တော့ကြောင်း၊ လက်ကျန်ပြည်သူများ၏ အသက် အန္တရာယ်ကိုစိုးရိမ်သောကြောင့် ဘေးလွတ်ရာသို ဆက်လက်ရွေ့ပြောင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောင်ကုတ်မြို့တွင်းတွင် သူခိုးများကို ခိုးရာပါပစ္စည်းများနှင့်အတူ နေ့စဉ် ဖမ်းဆီးရမိလျက်ရှိပြီး  ပိုင်ရှင်အစစ်အမှန်များလက်ထဲသို အပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲများပြင်းထန်နေမှုကြောင့် အဆိုပါ ခိုးရာပါပစ္စည်းများကို လုံခြုံရေးတပ်ဖွဲထံတွင် ကောင်းမွန်စွာသိမ်းဆည်းထားကြောင်း ဖော်ပြသည်။ 

ရခိုင်ပြည်နယ်ရှိ အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့ ၌ တခုတည်းကျန်ရှိသော နခခ (၅) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 

Bagan News Agency 



Comments