ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ဆွဲလဲအိုရွာရှိ ဇေဋ္ဌဝါဒီဘုန်းကြီးကျောင်းကို စစ်တပ်က ဒီမနက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရားစခန်းမှာရှိနေတဲ့ ယောဂီအမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း အရပ်သား ၁၄ ဦးသေဆုံး ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ "ဗုံးကြဲတိုက်ခိုက်မှုကတော့ တော်တော်လေးကို ယုတ်ညံ့လွန်းလို့ စစ်တပ်ဆိုတာ လူတွေလို့တောင်ပြောလို့မရတော့ပါဘူး။ တရားစခန်းမှာ မနက်ပိုင်းတရားပြအပြီးလေးမှာ အမျိုးသားယောဂီဆောင်ပေါ်တည့်တည့်ကြဲချလိုက်လို့ တရားရှုမှတ်နေကြတဲ့ ယောဂီအမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး၃ဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ရပါတယ်" လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ကကိုနွေဦး(မြောင်)ကပြောပါတယ်။ "ဒဏ်ရာရတွေကတော့ များပါတယ် ပြင်းလဲပြင်းထန်ကြပါတယ်။ တရားပြအပြီး သံဃာတော်တွေပြန်ထွက်သွားချိန်မို့ ကံကောင်းစွာနဲ့ပဲ သံဃာတော်တွေတော့အထိခိုက်မရှိခဲ့ပါဘူး။ အခုလို ဝါတွင်းကာလမှာ ကျနော်တို့အညာမှာတော့ ဉပုဒ်သီလ ဆောက်တည်ကြ၊တရားစခန်းတွေဝင်ကြနဲ့ ကောင်းမှူကုသိုလ်တွေပြုကြတဲ့ကာလပါ ။ ဒီအခြေနေကိုအခွင့်ကောင်းယူပြီး တရားစခန်းမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ရက်တဲ...