Skip to main content

Posts

Showing posts from July, 2026

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

လေးမျက်နှာမြို့မှာ ဆည်ကျိုးလို့ အရေးပေါ်ကယ်နေရ

 ဧရာဝတီတိုင်းဒေသကြီး ၊ လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေကာတာကျိုးပြီး ရေဝင်ရောက်နေတာကြောင့် အရေးပေါ်ကူညီကယ်ဆယ်နေတယ်လို့ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။   Photo - MFSD ငဝန်မြစ်ရေကာတာကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့ ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနဲ့ ညောင်ပင်ဝဲကျေးရွာတွေကို ရေဝင်ရောက်နေပါတယ်။  အဲ့ဒီနေရာတွေက အိမ်ထောင်စုတွေကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဌာနက ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်နေကြတယ်လို့ ထုတ်ပြန်ပါတယ်။  မနေ့က ဇူလိုင် ၃၀ ရက်နေ့ ၊ နေ့လယ် ၂ နာရီခွဲခန့်မှာ  လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ အမြင့် ၁၈ ပေ ရှိတဲ့ တာမိုင်အမှတ်(၂၅/၃)မှာ သဲဗွက်တစ်ခုဖြစ်ပြီး တာနိမ့်ဆင်းမှုဖြစ်ပွားခဲ့ပါတယ်။  အဲ့ဒီနောက် မနေ့ ည ၁၀ နာရီ ၄၂ မိနစ်ခန့်မှာ ငဝန်မြစ်ရေကာတာရဲ့ အလျား ၅၀ ပေခန့်အကျယ်ရှိ တာကျိုးသွားခဲ့တာပါ။ - BAGAN NEWS 

စစ်မှုထမ်းဥပဒေ ဆက်လုပ်မည်ဟု မင်းအောင်လှိုင်ပြော

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော်မည်ဟု အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က  ပြောကြားသည်။  ၎င်းက အာဏာသိမ်း စစ်အစိုးရ၏ ရက် ၁၀၀ ပြည့် မိန့်ခွန်းကို စစ်တပ်၏ ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) ပြောကြားခဲ့ခြင်းဖြစ်သည်။  ဓာတ်ပုံ - ဇူလိုင် ၂၉ ရက်၌ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆)။   “နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေး စွမ်းပကား ရရှိစေရေးအတွက် ၂၀၂၄ခုနစ် ဖေဖော်ဝါရီလ  ၁၀ ရက်နေ့မှာ အသက်သွင်းကာ အာဏာတည်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်”ဟု  အာဏာသိမ်း သမ္မတက ဆိုသည်။  ထို့ပြင်ပြည်တွင်းလုံခြုံရေးအတွက် စစ်တပ်သည် ရဲတပ်ဖွဲနှင့် ပူးပေါင်းပြီး ဆောင်ရွက် နေကြောင်း၎င်းကပြောကြားသည်။  စစ်တပ်က စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ဟုဆိုကာ  ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အတည်ပြုခဲ့သည်။  လက်ရှိတွင် တနိုင်ငံလုံး၌ စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန်အတွက် အဓမ္မပေါ်တာဆွဲဖမ်းဆီးမှုများန...

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပေါက်မြို့နယ်မှာ စစ်ကြောင်းကြောင့် ရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာတိန်းရှောင်

 မကွေးတိုင်း ၊  ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးရွာတွေအတွင်းမှာ စစ်ကောင်စီတပ်က ‌မွှေနှောက်ခြင်း၊ စီးနင်းခြင်းတွေ ပြုလုပ်နေပါတယ်။  မနေ့က ရေထွက်ကြီးကနေ ညောင်ရေတည်းရွာကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းဟာဒီနေ့ မနက် (၁၁)နာရီခန့်မှာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို ရောက်ရှိနေတယ်လို့ အညာမြေတပ်ပေါင်းစုက အသိပေးပါတယ်။  စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာအတွင်း ‌မွှေနှောက်ခြင်း၊ စီးနင်းခြင်းတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ အနည်းဆုံး ငါးရွာထက်မနည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။  စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ် ရေပြာကို  ဦးတည်နိုင်ပေမယ့်  မြိုင်နယ်ဘက်ကိုလည်း ဦးတည်လာနိုင်တာကြောင့်  ပြည်သူတွေ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းရန်ကို အထူးသတိပြုကြဖို့ အညာမြေတပ်ပေါင်းစု ကသတိပေးထားပါတယ်။ ဓာတ်ပုံ - စစ်ဘေးရှောင် (ပုံဟောင်း) - BAGAN NEWS