မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ် အင်းလေးဒေသ ကေလာကျေးရွာနှင့် ဇရပ်ကြီးရွာတွင် ဒေသခံ ၄၆ ဦး သေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှသိရသည်။ ကေလာကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၁ဝ၅၇ လုံးရှိပြီး ငလျင်ကြောင့် အိမ်ခြေ ၈၁၈ လုံးပျက်စီးခဲ့ကာဒေသခံ ၄၁ ဦးသေဆုံးခဲ့သည်။ ဌင်းပြင် ဇရပ်ကြီးရွာရှိ အိမ်ခြေ ၁၃၅ လုံးတွင် ငလျင်ကြောင့် အိမ်ခြေ ၁၃၂ လုံးပျက်စီးခဲ့ ပြီး ဒေသခံ ၅ ဦး သေဆုံး ခဲ့သည်။ ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ်ရှိ စံကားအင်းဒေသ စေတီပုထိုးများ ပြိုကျပျက်စီးမှုများရှိခဲ့သည်။ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁ဝဝဝ ကျော်ရှိကြောင်း စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင်ထုတ်ပြန်သည်။ ဓာတ်ပုံ - အင်းလေးဒေသလူ့အခွင့်အရေး Bagan News Agency