မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ လူငယ်များက မေလ ၂၅ ရက်တွင်ဆန္ဒပြခဲ့ကြကြောင်း Kachin Human Rights Watch - KHRW မှသိရသည်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက မြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုကို ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်သည် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် ကော်မတီများ ဖွဲ့စည်းကာ ကချင်ပြည်နယ်ရှိ မြို့နယ်အသီသီးရှိ ဒေသခံပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးဖြင့် အစည်းအဝေးဖိတ်ခေါ်၍ ဝါဒဖြန့်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေသည်။ “မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်လုပ်ဆောင် နိုင်ရေး ကော်မတီတွေဖွဲ့စည်းပြီး လှုပ်ရှားနေတာတွေ မြင်နေရပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများတဲ့ စီမံကိန်းဖြစ်လာနိုင်တာ ကြောင့် ကျနော်တို့ မြစ်ကြီးနားကိုရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ လူငယ်တွေ ပူပေါင်းပြီး ဒီရေကာတာကိုဆက်မလုပ်ဖို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟုပါဝင်ခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။ အဓိက ကန့်ကွက်ရသည့် အကြောင်...