မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်တွေမှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ ၃၃ လက်အောက် စစ်တပ် စစ်ကြောင်းကို ဒီကနေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကထုတ်ပြန်ပါတယ်။ Photo - ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦး ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ ကန့်ဘလူမြို့နယ် ဝက်တိုးရွာ စခန်းကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁၅ ဦးဖမ်းမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ စစ်တပ် စစ်ကြောင်းကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နဲ့ တော်လှန်ရေးအင်အားစုတွေက ကြားဖျတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ - BAGAN NEWS