ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဟု NUG ယာယီသမ္မတပြော
စစ်ကောင်စီကို စနစ်အရ တော်လှန်ခြင်း၊ ဓလေ့အရ တော်လှန်ခြင်းနှင့် အတွေးအခေါ်အရ တော်လှန်ခြင်းတွေအထိပါ လုပ်ဆောင်ဖို့ လည်းယာယီသမ္မတ တိုက်တွန်း အကြမ်းဖက် စစ်ကောင်စီအနေ့ဖြင့် စစ်ရေးယန္တရားကို အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေမူကို အဆက်မပြတ် လုပ်ဆောင်နေပြီး ၎င်းတို့၏ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ၊ ဒူဝါလရှီးလ ကပြောကြားသည်။ ယာယီသမ္မတက ယနေ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်တွင် ကျရောက်သည့် ခုခံတွန်းလှန်စစ် [၃] နှစ်ပြည့် လူထုထံသို့ အမှာစကားတွင်ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ "ခုခံတော်လှန်စစ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်။ ဒါ့ကြောင့်လည်း အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းအင်အားကို အဓိကထားပြီး၊ အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာအဆောက်အအုံကို မြဲမြံစေရေးအတွက် အသုံးချနေတာကို တွေ့ရတယ်" ဟုယာယီသမ္...