ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကျီစုနှင့်ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် မှသိရသည်။ ယနေ့ အာက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ကန့်ဘလူမြို့နယ် ကျီစုရွာ နှင့် နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအင်အား ၁၅၀ ခန့်မှ အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဌင်းအဖွဲ့ကဆိုသည်။ ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် ကန့်ဘလူမြို့နယ်၊ထန်းကုန်းမှထွက်ခဲ့သော အင်အား၇၀ ခန့်နှင့် ရေဦးမြို့နယ်၊အောင်သာယာပျူအထိုင်မှ ထွက်ခဲ့သော စစ်သားများပါဝင်သည့်ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ကာဘိုးပျူအထိုင်စခန်းတွင် တညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။ ၎င်းနောက် ၊ယနေ့ နေ့လယ်တွင် ထိုစစ်ကောင်စီတပ်နှင့် ပျူစုပေါင်းအင်အား ၁၅၀ ခန့်သည် ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့အား အကြမ်းဖက်ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည် ကျီစု၊ကျောက်တိုင်နှင့် ရေဦးမြို့နယ် ပင်စိမ်းခင်းရွာတို့အား Drone ဖြင့် ဗုံးသီး ၈ ကြ...