Skip to main content

Posts

Showing posts from September, 2026

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ထားဝယ်ဒေသတွင် တောင်ပြို ရေကြီးမှုကြောင့် ၃၂ ဦးသေဆုံး ၊ ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီရှိ

 တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတွင် တောင်ပြို ရေကြီးမှုကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့အထိ လူ ၃၂ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီရှိကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် - TNF မှသိရသည်။  တောင်ပြိုမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ထားဝယ်ဒေသတစ်ခုလုံးတွင် အဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုစာရင်း ဆက်လက်တိုးလာနိုင်သည်။ ကား၊ ဆိုင်ကယ်နှင့် အခြားသော စက်ယန္တယားများ၊ တိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း TNF ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ  ၂၈ ရက်နေ့ ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ ဒေသအများစုတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ဖြစ်ပြီး အချို့သောဒေသများတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။  ရေကြီးရေလျှံမှုများနှင့် တောင်ပြိုခြင်းများကြောင့် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) သည် ရေစီးနှင့်အတူရွေ့လျားနေကာ အချိန်မရွေး ပေါက်ကွဲခြင်းနှင့် ကြုံတွေ့ရနိုင်ကြောင်း TNF ကထုတ်ပြန်သည်။  ရေက...

ထားဝယ် ကျေးရွာ ၄၀ နီးပါး ရေကြီးနေပြီး လူ ၅ ဦးထက်မနည်းသေဆုံး

 တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ဒေသတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း (၄၀) နီးပါးတွင် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများဖြစ်ပွားနေပြီး လူ (၅) ဦးထက်မနည်းသေဆုံးကာ နေအိမ်ပြိုကျပျက်စီးမှုပေါင်း (၂၀) ထက်မနည်းရှိကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် - TNF ကယနေ့ထုတ်ပြန်သည်။ စက်တင်ဘာလ (၂၄) ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများ ဖြစ်ပွားလျက်ရှိသည်။  ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းနှင့် အခြားအခက်အခဲများကြောင့်  အမှန်တကယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ ပိုမိုများပြားနိုင်ကြောင်း TNF ကထုတ်ပြန်သည်။ တနင်္သာရီကမ်းရိုးတန်းနှင့် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ကြောင့် ယနေ့မွန်းလွဲမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ခ...

လေဖိအားနည်းရပ်ဝန်းကြောင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်

 မြန်မာနိုင်ငံ၊ တနင်္သာရီကမ်းရိုးတန်းနှင့် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ကြောင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးဇလဌာနက ယနေ့မွန်းလွဲပိုင်း၌ ထုတ်ပြန်သည်။  ၎င်းလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဧရာဝတီ၊ မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ယနေ့မွန်းလွဲမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနကထုတ်ပြန်သည်။  - BAGAN NEWS 

Mi-17 ကို ဖျက်ဆီးနိုင်ခဲ့သည့် ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့အား ဂုဏ်ပြုငွေ သိန်း ၁ သောင်းပေး

 မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူရွာသို့ လာရောက်သော စစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို  FPV ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား ဂုဏ်ပြုဆုငွေ (သိန်း ၁ သောင်းကျပ်)နှင့်  ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ၊စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်များ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ တခြားသော တော်လှန်ရေးအဖွဲ့များ စုပေါင်းညီညွတ်မှု စွမ်းအားဖြင့် စစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း  NUG ကသတင်းထုတ်သည်။ - BAGAN NEWS