Skip to main content

Posts

Showing posts from September, 2025

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

"အသက်ရှင်ကျန်နေရက်နဲ့ ဘာလို့အရှုံးပေးမှာလဲ"

  "အသက်ရှင်ကျန်နေရက်နဲ့ ဘာလို့အရှုံးပေးမှာလဲ" ဝေဟင်ဒရုန်း အမျိုးသမီး စစ်သည်တော်(သို့) ကျားခင်စိန်။ မန္တလေး တက္ကသိုလ်ကျောင်းသူဖြစ်ခဲ့ဖူးတဲ့ ကျားခင်စိန်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာ တော်လှန်ရေးထဲကိုဝင်ရောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက်တပ်ဖွဲ့တစ်ခုမှာ စစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။ ဒရုန်းတိုက်ခိုက်ရေးပညာတွေသင်ခဲ့ပြီး အမျိုးသမီး ဒရုန်းတပ်ဖွဲ့ကိုဦးဆောင်ခဲ့ပါတယ်။  မန္တလေး - မုံရွာ လမ်းတလျှောက်မှာ စစ်အုပ်စုကို ဒရုန်းသုံးပြီး လက်စွမ်းပြ တိုက်ခိုက်ခဲ့သူအဖြစ် ကျားခင်းစိန်ဟာ လူသိများခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့  မြောင်ဒရုန်းတပ်ဖွဲ့ MDF ကို ၂ဝ၂၃ ခုနှစ်မှာ ထပ်မံတည်ထောင် ဦးဆောင်ပြီး တော်လှန်ရေးမှာဆက်လက်ပါဝင်နေပါတယ်။ ကျားခင်စိန် ဦးဆောင်တဲ့ MDF ဒရုန်း အဖွဲ့ဟာ မြောင်မြို့မှာ အခြေစိုက်ပီး တော်လှန်ရေး အောင်မြင်ရေးအတွက် ကြိုးစားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ တိုက်ပွဲ Mission တွေကိုမဟာမိတ်အဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေပြီး စစ်ကြောင်းဖြတ်တောက်ရေးနဲ့ စခန်းသိမ်းပွဲတွေအထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေကို ပိုမိုတိုက်ခိုင်နိုင်ဖို့ Hazard drone ဝယ်ယူဖို့အကူအညီလိ...

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင်ရှိသော  စစ်တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဗန်းမောက်မြို့အား အောင်မြင်စွာ သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း NUG အမှတ် (၁) စစ်ဒေသက တရားဝင်ထုတ်ပြန်သည်။  ဗန်းမောက်မြို့ရှိစစ်တပ်စခန်းများအား တော်လှန်ရေးတပ်များက စက်တင်ဘာလ (၁၅) ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

"တော်လှန်ရေးပြီးရင် လူငယ်တွေရဲ့ ပညာရေးကို ဦးစားပေးမယ်"

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူ မဖူးပွင့်ဝေနဲ့မေးမြန်းခြင်း။ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ လူငယ်တွေဟာ အင်တိုက်အားတိုက်နဲ့ လမ်းပေါ်ထွက်ပြီးအာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးပစ်ခတ်တာတွေ လုပ်လာတဲ့နောက်မှာတော့ လူငယ်တွေဟာ တိုင်းရင်းသားနယ်မြေတွေသွားရောက်ပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီထဲမှာ အမျိုးသမီးလူငယ်တွေဟာလည်း အမျိုးသားတွေနဲ့တန်းတူပါဝင်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း အညာဒေသ ဆားလင်းကြီးမြို့နယ်က နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ မဖူးပွင့်ဝေဟာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးရက်စက်မှုတွေကို မြင်လာတဲ့အခါမှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှေ့တန်းမှာ စစ်တိုက်ဖို့ အမျိုးသမီးတွေ အခွင့်အလမ်းနည်းပါးတာကြောင့် သပိတ်တိုက်ပွဲတွေကို ပြန်အသက်သွင်းခဲ့ပြီး စိတ်တူညီတဲ့ သူငယ်ချင်းတွေနဲ့ ၂၀၂၂ ခုနှစ်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ အညာဒေသမှာ ဘယ်လိုကူညီမှုတွေလုပ်နေသလဲ။ အမျိုးသမီးလူငယ်တစ်ယောက်အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုဖ...