မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ကရင်နီ(ကယား)ပြည်နယ်တွင် ကရင်နီဆေးကောလိပ်အား နိုဝင်ဘာလ ၂ဝ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများမှသိရသည်။
ကရင်နီပြည်နယ်၏ ပထမဦးဆုံး ဖြစ်သည့် ဆေးကောလိပ်ကျောင်းဖွင့်ပွဲတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဂျူတီကုတ်အပ်နှင်းပွဲကိုကျင်းပခဲ့ကြောင်း တက်ရောက်သူတဦးကပြောကြားသည်။
![]() |
| Photo - Karenni Ywat Thit Education Center |
ကရင်နီဆေးကောလိပ်(Karenni Medical College)အား ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာတွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ ၃၁ ဦးနှင့် ကျောင်းသား ၆ ဦး ပထမဆုံးအကြိမ်တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

Comments
Post a Comment