ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
ကရင်နီ(ကယား)ပြည်နယ်တွင် ကရင်နီဆေးကောလိပ်အား နိုဝင်ဘာလ ၂ဝ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများမှသိရသည်။
ကရင်နီပြည်နယ်၏ ပထမဦးဆုံး ဖြစ်သည့် ဆေးကောလိပ်ကျောင်းဖွင့်ပွဲတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဂျူတီကုတ်အပ်နှင်းပွဲကိုကျင်းပခဲ့ကြောင်း တက်ရောက်သူတဦးကပြောကြားသည်။
![]() |
| Photo - Karenni Ywat Thit Education Center |
ကရင်နီဆေးကောလိပ်(Karenni Medical College)အား ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာတွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ ၃၁ ဦးနှင့် ကျောင်းသား ၆ ဦး ပထမဆုံးအကြိမ်တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

Comments
Post a Comment