Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီတပ် လုပ်ရပ်များကြောင့် တပတ်အတွင်း အရပ်သား ၈ ဦး သေဆုံး

တောင်ပိုင်းစစ်ဒေသတွင် စစ်ကောင်စီတပ်၏လုပ်ရပ်များကြောင့် တပတ်အတွင်း အရပ်သား(၈) ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသမှ ယနေ့ထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ပဲခူးတိုင်း ၊တနင်္သာရီတိုင်း ဒေသများ ပါဝင်သည်။

Photo - တောင်ပိုင်းစစ်ဒေသ ပဲခူးတိုင်း၊ မူးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများ။

သေဆုံးသူများတွင် လိပ်ပေါရွာ၌ စစ်ကောင်စီထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိကာ အသက်ဆုံးရှုံးခဲ့သော ပြည်သူတဦး ပါဝင်သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးသီးများကျဲချတိုက်ခိုက်ခြင်းကြောင့် ဒဏ်ရာရရှိသူ (၂၈) ဦးရှိပြီး အကြောင်းမဲ့ဖမ်းဆီးခံရသူ (၅၁) ဦး ရှိကြောင်း တောင်ပိုင်းစစ်ဒေသမှ ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူ အချို့ကို ပါလာသည့်ပစ္စည်းများအား မတရားသိမ်းဆည်း၍ ခြိမ်းခြောက်ငွေညှစ်ကာ ပြန်လွှတ်ပေးလိုက်သော်လည်း အများစုမှာ ပြန်မလွတ်သေးဘဲ အဓမ္မစစ်မှုထမ်းခိုင်းရန် ရည်ရွယ်နေကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သားများသည် ကျေးရွာများကိုမီးရှို့ဖျက်စီးခြင်းများ နေ့စဉ်ပြုလုပ်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဗုံးသီးကျဲချခြင်းများ တပတ်အတွင်း စုစုပေါင်း အကြိမ်ရေ (၄ဝ) ကျော် ဗုံးသီးအလုံးရေ (၁၀၀) ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ ထုတ်ပြန်သည်။

BAGAN NEWS 


Comments