Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြဝတီ တရုတ် Call Center လိမ်လည်မှုဂိုဏ်းမှ နိုင်ငံခြားသား ၃၉ ဦး ထွက်ပြေး လွတ်မြောက်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ တရုတ်နိုင်ငံသားများ၏ Call Center လိမ်လည်မှုဂိုဏ်းမှ လွတ်မြောက်လာသော နိုင်ငံခြားသား (၃၉) ဦးအား ထိုင်းစစ်တပ်မှ ကယ်တင်ခဲ့ကြောင်း Khaosod English သတင်းတွင်ဖော်ပြသည်။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့နယ် မဲတော်မြို့နယ်ခွဲ ဒွန်ချိုင်းကျေးရွာအုပ်စု(၆)တွင် ယနေ့ (နိုဝင်ဘာလ ၂၅)နံနက်ပိုင်းက မြန်မာနိုင်ငံဘက်ခြမ်းမှ ထွက်ပြေးလာသော နိုင်ငံခြားသား (၃၉) ဦးအား ထိုင်းစစ်တပ်မှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။


ထွက်ပြေးလာသူများသည် မြဝတီမှ မြစ်ကို ဖြတ်ကျော်ပြီး တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်သို့ ထွက်ပြေးလာခဲ့ကြကာ ထိုင်းစစ်သားများမှ ၎င်းတို့၏ ပစ္စည်းများနှင့် စာရွက်စာတမ်းများအား စစ်ဆေးရာတွင် တရားမဝင်သည်များ မတွေ့ရှိရကြောင်း သိရသည်။

ထွက်ပြေးလာသူများထဲတွင် သီရိလင်္ကာနိုင်ငံသား (၃၂) ဦး၊ နီပေါနိုင်ငံသား (၅) ဦး၊ မလေးရှားနိုင်ငံသား (၁) ဦးနှင့် ရုရှားနိုင်ငံသား (၁) ဦး ပါဝင်ကြောင်း၊ ၎င်းတို့သည် မြဝတီမြို့ မြသရကျေးရွာရှိ တိုင်းချန်းစီမံကိန်းနယ်မြေအတွင်း တရုတ်နိုင်ငံသားများ လုပ်ကိုင်သော Call Center လိမ်လည်မှုဂိုဏ်းတွင် အလုပ်လုပ်ရန် လူကုန်ကူးသူများ၏ လိမ်လည်ခြင်းခံခဲ့ရကြောင်းသိရသည်။


၎င်းတို့သည် တာ့ခ်ပြည်နယ် ဖော့ဖရာခရိုင် ချောင်းခဲ့ဘ်ကျေးရွာ တစ်ဖက်ကမ်းရှိ စီမံကိန်းဧရိယာအတွင်း တရုတ်လူမျိုးများ လုပ်ကိုင်နေသည့် Call Center လိမ်လည်မှုဂိုဏ်းတွင် အတင်းအကျပ် အလုပ်လုပ်ခိုင်းခြင်း ခံခဲ့ရကြောင်း သိရသည်။ 

လိမ်လည်ခံရသူများထဲမှ သီရိလင်္ကာနိုင်ငံသားတဦးသည် ပြင်ပသို့ အကူအညီတောင်းခံသော ဖုန်းခေါ်ဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့သဖြင့် နောက်ဆုံးတွင် မြဝတီမြို့မှ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များက သီရိလင်္ကာသံရုံးနှင့် ပူးပေါင်း၍ စစ်တပ်ယာဉ်များဖြင့် ခေါ်ဆောင်ကာ တာ့ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ထားကြောင်း သတင်းရရှိသည်။

တိုင်းချန်းစီမံကိန်းသည် တရုတ်ငွေကြေးလုပ်ငန်းရှင်များ၏ ခိုလှုံရာနေရာတစ်ခုဖြစ်လာပြီး နိုင်ငံတကာဆိုက်ဘာမှုခင်းဂိုဏ်းများ၏ ဗဟိုချက်မအဖြစ် လျင်မြန်စွာ လျင်မြန်စွာ တိုးချဲ့လာနေရာ ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်တွင် နယ်စပ်ဒေသအသီးသီး၌ လုံခြုံရေးစစ်ဆေးမှုများ တိုးမြှင့်ရန် ညွှန်ကြားထားကြောင်း သိရသည်။

Photo - Khaosod English

Bagan News Agency

mail : bagan24news@gmail.com 




Comments