Skip to main content

Latest News

ကန့်ဘလူမှာ ၁ လအတွင်း ပြည်သူ ၈ဝ ခန့် ပေါ်တာဆွဲခံရ

 အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။   အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်  သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။  ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။  အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။  အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ...

IPCM ရဲ့ သတင်းမီဒီယာကျင့်ဝတ်စာအုပ် ဒုတိယအကြိမ်ထုတ်ဝေ

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ပြုစုထားသော သတင်းမီဒီယာကျင့်ဝတ် (Code of Conduct) စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ယနေ့နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အွန်လိုင်း မှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။

IPCM အနေဖြင့် သတင်းမီဒီယာကျင့်ဝတ်(ပထမအကြိမ်တည်းဖြတ်ခြင်း)ကို ၂၀၂၄ခုနှစ်၊ မေလ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော World Press Freedom Day တွင် စတင်ဖြန့်ချီခဲ့သည်။


အဆိုပါကျင့် ဝတ်ကို အခြေခံပြီး ခေတ်ကာလနှင့် ကိုက်ညီမှုရှိစေရန် IPCM အမှုဆောင်ကော်မတီ နှင့် အကြံပေးအဖွဲ့ တို့ ညှိနှိုင်းဆွေးနွေး ပြင်ဆင်ဖြည့်စွက်ကာ ဒုတိယအကြိမ် တည်းဖြတ်အတည်ပြုထားခြင်း ဖြစ်ပါသည်။

အဆိုပါ သတင်းမီဒီယာကျင့်ဝတ် (Code of Conduct) စာအုပ်ကို အုပ်ရေ (၃ဝဝ) ရိုက်နှိပ်ထား ပြီး သတင်းဌာနများနှင့် သတင်းမီဒီယာအဝန်းအဝိုင်းများထံ (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း IPCM အမှုဆောင်အဖွဲ့ဝင်တဦးကပြောသည်။ 

Digital Version PDF file ရယူလိုသူများ ယခုလင့် တွင် ရယူနိုင်သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar) ကို ၂ဝ၂၃၊ ဒီဇင်ဘာလ ၂ဝ ရက်မှ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံတနေ ရာတွင် ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ၃၇ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းမီဒီယာ သမားများ အပါအဝင် စုစုပေါင်း ညီလာခံတက်ရောက်သူ ၇၇ ဦးဖြင့်ဖွဲ့စည့်းခဲ့သည်။  

IPCM စာရင်းအရ မြန်မာနိုင်ငံတွင် ၂ဝ၂၄ ခုနှစ်အတွင်း သတင်းထောက် (၃)ဦး ထပ်မံ အသတ်ခံခဲ့ရပြီး ၂ဝ၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ရေတွက်လျှင် စုစုပေါင်း (၈) ဦးအထိ ရှိလာခဲ့သည်။

ထို့ကြောင့် Committee to Protect Journalists (CPJ) က 2024 Global Impunity Index တွင် အဆင့် ၁ဝ သတ်မှတ်ခဲ့သည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရသူများအနက် သတင်းသမား (၅ဝ) ဦးမှာလည်း ယနေ့အထိ အကျဉ်းထောင်အသီး သီးတွင် မတရားသော ပြစ်ဒဏ်ကို ကျခံနေရဆဲ ဖြစ်သည်။ 

ထို့အပြင် နိုင်ငံကို စွန့်ခွာတိမ်းရှောင်ရသော သတင်းမီဒီယာသမား အများအပြားလည်း ရှိနေသည်။

Bagan News Agency 

mail : bagan24news@gmail.com 

Comments