Skip to main content

Latest News

KIO,CNF,KSCC, IEC , KNPP တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ NUG ဖွဲ့

 လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်  နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ  ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)  ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ  ဥက္ကဋ္ဌ  ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...

IPCM ရဲ့ သတင်းမီဒီယာကျင့်ဝတ်စာအုပ် ဒုတိယအကြိမ်ထုတ်ဝေ

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ပြုစုထားသော သတင်းမီဒီယာကျင့်ဝတ် (Code of Conduct) စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ယနေ့နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အွန်လိုင်း မှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။

IPCM အနေဖြင့် သတင်းမီဒီယာကျင့်ဝတ်(ပထမအကြိမ်တည်းဖြတ်ခြင်း)ကို ၂၀၂၄ခုနှစ်၊ မေလ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော World Press Freedom Day တွင် စတင်ဖြန့်ချီခဲ့သည်။


အဆိုပါကျင့် ဝတ်ကို အခြေခံပြီး ခေတ်ကာလနှင့် ကိုက်ညီမှုရှိစေရန် IPCM အမှုဆောင်ကော်မတီ နှင့် အကြံပေးအဖွဲ့ တို့ ညှိနှိုင်းဆွေးနွေး ပြင်ဆင်ဖြည့်စွက်ကာ ဒုတိယအကြိမ် တည်းဖြတ်အတည်ပြုထားခြင်း ဖြစ်ပါသည်။

အဆိုပါ သတင်းမီဒီယာကျင့်ဝတ် (Code of Conduct) စာအုပ်ကို အုပ်ရေ (၃ဝဝ) ရိုက်နှိပ်ထား ပြီး သတင်းဌာနများနှင့် သတင်းမီဒီယာအဝန်းအဝိုင်းများထံ (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း IPCM အမှုဆောင်အဖွဲ့ဝင်တဦးကပြောသည်။ 

Digital Version PDF file ရယူလိုသူများ ယခုလင့် တွင် ရယူနိုင်သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar) ကို ၂ဝ၂၃၊ ဒီဇင်ဘာလ ၂ဝ ရက်မှ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံတနေ ရာတွင် ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ၃၇ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းမီဒီယာ သမားများ အပါအဝင် စုစုပေါင်း ညီလာခံတက်ရောက်သူ ၇၇ ဦးဖြင့်ဖွဲ့စည့်းခဲ့သည်။  

IPCM စာရင်းအရ မြန်မာနိုင်ငံတွင် ၂ဝ၂၄ ခုနှစ်အတွင်း သတင်းထောက် (၃)ဦး ထပ်မံ အသတ်ခံခဲ့ရပြီး ၂ဝ၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ရေတွက်လျှင် စုစုပေါင်း (၈) ဦးအထိ ရှိလာခဲ့သည်။

ထို့ကြောင့် Committee to Protect Journalists (CPJ) က 2024 Global Impunity Index တွင် အဆင့် ၁ဝ သတ်မှတ်ခဲ့သည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရသူများအနက် သတင်းသမား (၅ဝ) ဦးမှာလည်း ယနေ့အထိ အကျဉ်းထောင်အသီး သီးတွင် မတရားသော ပြစ်ဒဏ်ကို ကျခံနေရဆဲ ဖြစ်သည်။ 

ထို့အပြင် နိုင်ငံကို စွန့်ခွာတိမ်းရှောင်ရသော သတင်းမီဒီယာသမား အများအပြားလည်း ရှိနေသည်။

Bagan News Agency 

mail : bagan24news@gmail.com 

Comments