Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

SSPP တပ်စခန်းကို RCSS ဝင်ရောက်တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်က  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ ကဝင်ရောက်တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်။ 

ယနေ့နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခွဲ အချိန်တွင်RCSS စစ်ကြောင်းနှစ်ကြောင်းသည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲ ကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး တပ်သား(၄)ဦးအား ဖမ်းဆီးသွားကာ စခန်းသုံး မော်တောဆိုင်ကယ်(၄) စီး ၊ ကားတစ်စီး အပါ အဝင် စခန်းများကို မီးရှို့ဖျက်စီးခဲ့ကြောင်း SSPP Info မှထုတ်ပြန်သည်။ 

Photo - SSPP Info

RCSS စစ်ကြောင်းတကြောင်းသည် ပန်ပွဲကျေးရွာက ရွာကော်မတီဝင်တစ်ဉီး၏နေအိမ်ကို လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိအဖိုးတန် ရွှေငွေ ပစ္စည်းများ မွှေနှောက်ယူဆောင်ကာ အိမ်ရှင်ဖြစ်သူ အား ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP/SSA တပ်ဖွဲ့ဝင် (၄) ဦးနှင့် ဒေသခံပြည်သူ (၁) ဦးအား ထပ်မံ ဖမ်းစီး သွားခဲ့ကြောင်း SSPP Info မှထုတ်ပြန်သည်။ 

ဌင်းပြင် ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံ ဒေါ်ရွှေယိင်း၏ ကုန်စုံဆိုင်ကို RCSS  တပ်ဖွဲ့ဝင်များက ဝင်ရောက်မွှေနှောက် ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာကုန်ပစ္စည်းများနှင့် ရွှေငွေများကိုလည်း ယူဆောင်သွား ကြောင်း သိရသည်။

Bagan News Agency 


Comments