ဧရာဝတီတိုင်းဒေသကြီး ၊ လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေကာတာကျိုးပြီး ရေဝင်ရောက်နေတာကြောင့် အရေးပေါ်ကူညီကယ်ဆယ်နေတယ်လို့ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
![]() |
| Photo - MFSD |
ငဝန်မြစ်ရေကာတာကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့ ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနဲ့ ညောင်ပင်ဝဲကျေးရွာတွေကို ရေဝင်ရောက်နေပါတယ်။
အဲ့ဒီနေရာတွေက အိမ်ထောင်စုတွေကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဌာနက ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်နေကြတယ်လို့ ထုတ်ပြန်ပါတယ်။
မနေ့က ဇူလိုင် ၃၀ ရက်နေ့ ၊ နေ့လယ် ၂ နာရီခွဲခန့်မှာ လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ အမြင့် ၁၈ ပေ ရှိတဲ့ တာမိုင်အမှတ်(၂၅/၃)မှာ သဲဗွက်တစ်ခုဖြစ်ပြီး တာနိမ့်ဆင်းမှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီနောက် မနေ့ ည ၁၀ နာရီ ၄၂ မိနစ်ခန့်မှာ ငဝန်မြစ်ရေကာတာရဲ့ အလျား ၅၀ ပေခန့်အကျယ်ရှိ တာကျိုးသွားခဲ့တာပါ။

Comments
Post a Comment