Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ပေါက်နှင့်မြိုင် တိုက်ပွဲများတွင် စစ်တပ်ဘက် ၅၀ ထက်မနည်းသေဆုံး

 မကွေးတိုင်း ၊ ပေါက်နှင့်မြိုင်မြို့နယ် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၅ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြိုင် ပကဖမှထုတ်ပြန်သည်။ 

စစ်တပ်သည် မေလမှစတင်ပြီး မကွေးဒေသ/ယူနစ်၊ ပခုက္ကူခရိုင်အတွင်း အင်အား ၅၀၀ခန့်ဖြင့် ဝင်ရောက်ကာ ပေါက်၊မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၁)ရွာရှိ နေအိမ်ပေါင်း (၃၀၀) ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား (၂၄)ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း သိရသည်။ 

စစ်တပ်သည် ဇွန်လဆန်းပိုင်းတွင် မြိုင်မြို့နယ် တွင်းမပျူစခန်းမှ ပေါက်မြို့နယ် ထောက်ရှင်ပင်ကျေးရွာ ၊ ထိုနောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာသိုရောက်ရှိလာပြီး ကိုင်းတောမ - ဝက်ပုတ် - ဗောဓုံ- ဘောင်ပင် -သင်းမ - ယာကြီးပြင် - တောင်စုံ - မှန်ရင်း အစရှိသည့် ကျေးရွာလမ်းပိုင်းများကို အသုံးပြုပြီး စစ်ကြောင်းထိုး နေသည်။ 

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကလည်း အညာတမာစစ်ဆင်ရေးကိုဆောင်ရွက်နေပြီး တိုက်ပွဲ ကြီး/ငယ် အကြိမ်ပေါင်း (၃၀)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည် ။ 

၎င်းထိတွေ့မှုများအတွင်း စစ်တပ်ဘက်မှ အနည်းဆုံး(၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ကာ လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကထုတ်ပြန်သည်။ 

ထို့ပြင် လက်နက်မဲ့ အလင်းဝင်ရောက်လာသူ ပြည်သူ့စစ် (၄)ဦးရှိပြီး ၎င်းတိုအား နေရပ်အသီးသီးကို  ပြန်လည်ပို့ဆောင်ပေးပြီးဖြစ်ကြောင်းသိရသည်။

စစ်တပ်အား အညာတမာစစ်ဆင်ရေးအင်အားစုများဖြစ်သည့်  မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊  KG တပ်ဖွဲ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ  ၊ ပခုက္ကူ ပကဖ၊  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊  တိုင်းပကဖစစ်ကြောင်း(၄) ၊ MRG တပ်ဖွဲ ၊  ကမ္မတပ်ပေါင်းစု ၊ ကမ္မလုံခြုံရေးအင်အားစု ၊  PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ အညာမြေတပ်ပေါင်းစုတို နှင့်အတူ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ်ရင်းများ ၊ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲနှင့်   ဒေသတွင်းညီအစ်ကိုများက ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

- BAGAN NEWS 

Comments