Skip to main content

Latest News

KIO,CNF,KSCC, IEC , KNPP တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ NUG ဖွဲ့

 လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်  နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ  ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)  ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ  ဥက္ကဋ္ဌ  ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...

ဇွန်လ ပထမပတ်တွင်း စစ်ကောင်စီ တပ်စခန်း ၆ ခုကို AA သိမ်း

 ဇွန် ၈ / Bagan News 

ရခိုင်ပြည်နယ်တွင် ဇွန်လ ပထမပတ်တွင်း စစ်ကောင်စီ တပ်စခန်း (၆) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄ဝဝ အထက် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA မှသတင်းထုတ်ပြန်သည်။

၂ဝ၂၄ ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း တိုက်ပွဲများ အဓိကဖြစ်ပွားလျက်ရှိပြီး  စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင်များ၊ ARSA၊ ARA နှင့် RSO မူဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များနှင့်  ဘင်္ဂလာနယ်စပ်တစ်လျှောက်၌ ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။


အာရက္ခဒေသ(ရခိုင်ပြည်နယ်)အတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိကြောင်း၊

အရပ်သားများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားများ သွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 

ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ (၂) ရက်နေ့မှစတင်၍ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ- 

(၁) “တာဝါတိုင်စခန်း” အား ဇွန်လ (၂) ရက်၊ ညနေ (၅) နာရီအချိန်တွင်လည်းကောင်း၊ 

(၂) “ကျောက်ပန္ဒူစခန်း” အား ဇွန်လ (၃) ရက်၊ နံနက် (၅) နာရီ (၄၀) မိနစ်တွင်လည်းကောင်း၊ 

(၃) “ခွဆုံပြင်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၅) မိနစ်အချိန်တွင်လည်းကောင်း၊ 

(၄) “မြင်းလွှတ်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း 

(၅) “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ (၆) စခန်း” အား ဇွန်လ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် လည်းကောင်း၊

(၆) “နခခ (၉) စခန်း” အား ဇွန်လ (၇) ရက်နေ့၊ နေ့လယ် (၃) နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်းAA မှထုတ်ပြန်သည်။

စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိကာ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော “နခခ(၄)” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” များ အပါအဝင် အခြားလက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ကြောင်း၊ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်ကြောင်း AA ကဆိုသည်။

ဇွန်လ၊ ပထမအပတ်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး  တစ်ပတ်တာ ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသောသုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ ၄ဝဝ အထက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ 

အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့ပြီး အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။

ဇွန်လ၊ ပထမအပတ် တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီသုံ့ပန်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခတပ်တော် AA မှသတင်းထုတ်ပြန်သည်။

#Bagannews #AA #ရခိုင်

www.bagannews.com 

Comments