Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နှင့် မွန်/တနင်္သာရီဒေသများတွင် မိုးပိုနိုင်

ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တစ်ခုလုံးတွင် အနောက်တောင်မုတ်သုံလေ အင်အားဆက်လက် အားကောင်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နှင့် မွန်/တနင်္သာရီဒေသများတွင် မိုးပိုနိုင်ကြောင်း NUG ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ 


အဆိုပါမုတ်သုံလေ အားကောင်းလာမှုက ဇွန်လ ၁၂ ရက်မှ ၁၆ ရက် အတွင်း မြန်မာနိုင်ငံတဝှမ်း မုတ်သုံမိုး ပိုမိုရွာလာစေမည်ဖြစ်ပြီး အထူးသဖြင့်  ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မွန်/တနင်္သာရီဒေသများတွင် မုတ်သုံမိုးဆက်လက် သည်းထန်စေနိုင်သည်ကို သတိပြုရန်နှင့် ရေကြီးရေလျှံ၊ မြေပြိုဘေးဒဏ် ကျရောက်မှု ဖြစ်လာပါက ဘေးဒဏ်ထိခိုက်မှု လျော့ပါးရေးကို အထူးအလေးထားစေလိုကြောင်း NUG ကထုတ်ပြန်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဇွန်လ ၁ဝ ရက်မှ နောက်(၂)ရက်အတွင်း ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု ထုတ်ပြန်သည်။

ပုံ - မြဝတီမြို့တွင် ဇွန်လ (၉) ရက်က မိုးသည်ထန်ပြီးရေကြီးခဲ့စဉ်။ (Photo - CJ)

www.bagannews.com 

Comments