Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နှင့် မွန်/တနင်္သာရီဒေသများတွင် မိုးပိုနိုင်

ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တစ်ခုလုံးတွင် အနောက်တောင်မုတ်သုံလေ အင်အားဆက်လက် အားကောင်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နှင့် မွန်/တနင်္သာရီဒေသများတွင် မိုးပိုနိုင်ကြောင်း NUG ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ 


အဆိုပါမုတ်သုံလေ အားကောင်းလာမှုက ဇွန်လ ၁၂ ရက်မှ ၁၆ ရက် အတွင်း မြန်မာနိုင်ငံတဝှမ်း မုတ်သုံမိုး ပိုမိုရွာလာစေမည်ဖြစ်ပြီး အထူးသဖြင့်  ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မွန်/တနင်္သာရီဒေသများတွင် မုတ်သုံမိုးဆက်လက် သည်းထန်စေနိုင်သည်ကို သတိပြုရန်နှင့် ရေကြီးရေလျှံ၊ မြေပြိုဘေးဒဏ် ကျရောက်မှု ဖြစ်လာပါက ဘေးဒဏ်ထိခိုက်မှု လျော့ပါးရေးကို အထူးအလေးထားစေလိုကြောင်း NUG ကထုတ်ပြန်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဇွန်လ ၁ဝ ရက်မှ နောက်(၂)ရက်အတွင်း ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု ထုတ်ပြန်သည်။

ပုံ - မြဝတီမြို့တွင် ဇွန်လ (၉) ရက်က မိုးသည်ထန်ပြီးရေကြီးခဲ့စဉ်။ (Photo - CJ)

www.bagannews.com 

Comments