Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ

 ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)တွင် ဇွန်လ  (၅) ရက်နေ့မှ (၉) ရက်နေ့အတွင်း  စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် အရပ်သား (၁) ဦးသေဆုံးကာ (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်းရှိ မူးမြို့နယ်နှင့် ကျောက်ကြီး (လယ်ဒို)မြို့နယ်များတွင် စစ်ကောင်စီတပ်မှ ပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက် ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၅) ဦး ဒဏ်ရာ ရရှိပြီး (၁) ဦး အသက်သေဆုံးကာ စစ်ကောင်စီတပ်များ ထောင်ထားသော မိုင်းအား နင်းမိပြီး ဒေသခံ (၁) ဦး ခြေထောက်ဖြတ်တောက်ခဲ့ရကြောင်းသိရသည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်မှုများ။

ကျောက်ကြီး (လယ်ဒို)မြို့နယ်အတွင်း  ဇွန်လ (၄)ရက်နေ့ ၌ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ၁၂ဝ မမ လက်နက်ကြီး (၁ဝ)လုံးနှင့် ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီး(၁)လုံး စုစုပေါင်း (၁၁)လုံးပစ်ခတ်ခဲ့ရာ ကောက်မယ်သူကျေးရွာ နှင့် ဝမ်ချဲ ကျေးရွာအကြား၊ ယောက်သွားကုန်းကျေးရွာ နှင့်ရေတွင်းကုန်းကျေးရွာအကြား၊ နွားရေကျောင်းကျေးရွာ နှင့်ကြိတ်ကွင်းကျေးရွာအကြား နှင့် ဘုရားကြီး ကျေးရွားအရှေ့ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ထို့အတူ ဇွန်လ(၅)ရက်နေ့ ညနေတွင်  စစ်ကောင်စီတပ်မှ ခလရ-၂၆၄တပ်ရင်းမှ ၁၂ဝ မမ လက်နက်ကြီး(၂)လုံးနှင့် ဟောင်ဝစ်ဇာလက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ မဘီလေးကျေးရွာ၊ တောင်ခင်ကျေးရွာနှင့် ကြိတ်ကွင်းကျေးရွာ တို့အကြားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ဌင်းအပြင် ဇွန်လ (၇)ရက်နေ့ ည(၁ဝး၀၀)အချိန်တွင်လည်း   ပိန်းဇလုပ်  အချိန်စိုက် ခလရ-၂၆၄တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီး (၁၂)လုံးနှင့် ခမရ-၃၀၇ တပ်ရင်းမှလက်နက်ကြီး   ၈၁မမ(၅)လုံး စုစုပေါင်း (၁၇)လုံး ပစ်ခတ်မှုခဲ့ရာ ခရုကုန်း၊ ယောက်သွားကုန်း၊ စံကုန်း၊ ချောင်းတဲစုကျေးရွာ၊ပေါက်ကုန်းကျေးရွာ တွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇွန်လ (၈)ရက်နေ့ မနက်(၅း၃၀)မိနစ်အချိန်တွင် သမင်အင်းကုန်းကျေးရွာ အုပ်စု သူဌေးကုန်း ကျေးရွာ နေ အမျိုးသားတဦးသည် ခြံဝန်း အတွင်း အမှိုက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီ ထောင်ထားသောမိုင်း နင်းမိပြီး ခြေတစ်ဖက်ပြတ် အပြင်းအထန် ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

ဌင်းအပြင် ဇွန်လ (၉) ရက်နေ့ မနက် (၅း၃၀) အချိန်တွင် စစ်ကောင်စီတပ် ခမရ− ၃ဝ၇ ရွှေဝါတပ်ရင်းများက ၁၂ဝ မမ လက်နက်ကြီးများဖြင့်နတ်လောင်းကျေးရွာ အုပ်စု သရက်တိုက်ကျေးရွာ အတွင်းသို့ ပစ်ခတ်ခဲ့ရာ ဒေါ်တင်ပြ (၈၅) နှစ်မှာ လက်နက်ကြီးထိမှန်ပြီး ထိခိုက်သေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။

- Bagan News

www.bagannews.com 


Comments