Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြဝတီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့ညမှစကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနေကြောင်းဒေသခံအချို့မှသိရသည်။ 

မြဝတီ-ဝေါလေ လမ်းပိုင်းရှိ မဲ့ထော်သလေးကျေးရွာထိပ် (အများအခေါ် မီးလောင်ချောင်းတံတား) ချည်းကပ်မြေသားကျောက်ခင်း သည် ချောင်းရေ ထိုးဆင်း မှုကြောင့် ပျက်စီးနေပြီး ဖြတ်သန်းရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံတဦးကပြောသည်။


ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ရေသည် ယနေ့ ဇွန်လ (၉)ရက်နံနက်တွင် မြဝတီမြို့၏ စိုးရိမ်ရေမှတ် အောက် (၂) ပေကျော်တွင်ရောက်ရှိနေပြီး ယနေ့ ညနေ (၅) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလဌာနကထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် သြဂုတ်လ (၅) ရက်နေ့ကလည်း ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဒေါနတောင်ကျရေ သောင်ရင်းမြစ်ထဲ ဒလဟော စီးဆင်းကာ ထိုင်းမြန်မာနယ်စပ်ကျေးရွာများနှင့်မြဝတီမြို့ပေါ်ရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ 

Photo - CJ /FB

#Bagannews

#မြဝတီ

#ရေကြီး

www.bagannews.com 

Comments