Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နိုင်ငံရေးအကျဉ်းသား ၇ဝ ကျော်ကို မကွေးထောင်နှင့်မြင်းခြံထောင်သို့ ပြောင်းရွေ့

ယမန်နေ့၊ ဇွန်လ(၁၅)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်တွင်  မန္တလေးအိုးဘိုထောင် အမျိုးသားအိပ်ဆောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသား(၇ဝ)ကျော်နှင့် မူးယစ်(၃)ဦးခန့်ကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးအကျဉ်းထောင်နှင့်မြင်းခြံအကျဉ်းထောင်သို့ ထောင်ပြောင်းပို့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှသိရသည်။


ဇွန်လ(၁၅)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်ခန့်၌ မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပို့ဆောင်ခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် မကွေးအကျဉ်းထောင်ကို ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ခဲ့ကြောင်းသိရသည်။ 

မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများကို လူဦးရေ(၅ဝ)သာ ပုံမှန်ထားလေ့ရှိသည့်အခန်းများအတွင်း လူဦးရေ(၁ဝဝ)ကျော်ခန့် ကျပ်ညှပ်စွာ နေထိုင်နေရပြီး လူသေအလောင်းကိုထည့်သည့် ခေါင်းတလားအကျယ်အဝန်းခန့်တွင်တာ အိပ်စက်နေရကြောင်း PPNM ကဇွန်လ(၇)ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စရပ်များအပြင် ထောင်အာဏာပိုင်များ၏ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ထောင်အာဏာပိုင်များ၏ လာဘ်စားမှုများကို စောင့်ကြည့်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ပြီး ဇွန်လ(၈)ရက်နေ့တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး(၁ပွင့်)၊ဒေါ်မြင့်မြင့်လှိုင်၊ဒေါ်ခင်ပပလှိုင် တို့အလုပ်မှထုတ်ပယ်ခြင်း နှင့် ဒေါ်သွယ်သွယ်ဦး(ဦးစီးအရာရှိ)တို့ကို ရာထူးလျှော့ချ၍ ထောင်ပြောင်းဖြင့် အပြစ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင်၏‌ထောင်ပိုင်အဖြစ် ပြောင်းရွေ့ထမ်း‌ဆောင်စေခဲ့ပြီး လက်ရှိ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ထောင်ပိုင်အသစ် သိန်းဇော်မင်းဆိုသူ ပြောင်းလွှဲ၍ အုပ်ချုပ်နေကြောင်းသိရသည်။

ဌင်းအပြင် ဇွန်လ ၁၅ ရက်နေ့တွင် မွန်ပြည်နယ်အကျဉ်းဦးစီး ညွှန်ကြားရေးမှူး ဇော်မျိုးအောင်မှ ကျိုက်မရောအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁ဝဝ)ကျော်ကို အင်းစိန်ထောင်သို့ပို့ဆောင်ခဲ့ပြီး ခရီးတထောက်နားကာသာယာဝတီထောင်နှင့်ဒိုက်ဦးထောင်သို့ ပြောင်းရွေ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကထုတ်ပြန်သည်။ 

#Bagannews #နိုင်ငံရေးအကျဉ်းသား #PPNM 

 https://bagannews.com/

Comments