Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

နိုင်ငံ‌ရေးအကျဉ်းသူ ၄ဝ ကျော် ကို ဒိုက်ဦးထောင်အာဏာပိုင်များမှ ဥပဒေမဲ့ ရိုက်နှက်

ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်တွင် ကျိုက်မရောအကျဉ်းထောင်မှ  ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ပြောင်းရွှေ့ခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသူ ၄ဝ ကျော် ကို ဒိုက်ဦးထောင်အာဏာပိုင်များမှ ဥပဒေမဲ့ ရိုက်နှက် မှုများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှသိရသည်။ ထောင်ပြောင်းမှုတွင် နိုင်ကျဉ်းအများဆုံးပါဝင်ခဲ့ပြီး အကျဉ်းသူ(၆ဝ)နှင့်အကျဉ်းသား(၁ဝဝ)ကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။


အမျိုးသမီးအကျဉ်းသူ(၆ဝ)တွင် နိုင်ငံရေးအကျဉ်းသူ(၄ဝ)ကျော်ပါဝင်ခဲ့ပြီး  ဇွန်လ(၁၅)ရက်နေ့ ၊နေ့လယ် ၁၂ နာရီခန့်တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး အမျိုးသမီးများကို တိုက်တစ်ခုတွင် ထား၍ ပါလာသည့်ပစ္စည်းများကို ထောင်ဝန်ထမ်းများမှ ရှာဖွေခဲ့ကြောင်းသိရသည်။

ပစ္စည်းရှာဖွေမှုပြီးဆုံးချိန်တွင် ကျိုက်မရောထောင်မှ ပါလာသည့် အသုံးအဆောင်နှင့် အစားအသောက်များကို သိမ်းယူထားသည့်အတွက် ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသူများမှ ပြန်ပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ ထိုတောင်းဆိုမှုကို အမျိုးသမီးဝန်ထမ်းများမှ ကောင်းမွန်စွာမဖြေရှင်းပေးပဲ အမျိုးသားအရာရှိဝန်ထမ်းများကို ခေါ်ယူဖြေရှင်းခိုင်းခဲ့ကြောင်းသိရသည်။

ရောက်ရှိလာသည့် အကျဉ်းဦးစီးအရာရှိ ဝန်ထမ်းများသည် ရာထူးအာဏာကို အလွှဲသုံးစားပြု၍ နိုင်ငံရေးအကျဉ်းသူများကို အော်ဟစ်ဆဲဆိုခဲ့ပြီး"မိုက်တဲ့ကောင်မထွက်ခဲ့ ိုးပေးမယ်(မုဒိန်းကျင့်‌ပေးမယ် ဟုယဉ်ကျေးစွာ ရေးသာရန်လိုအပ်သော်လည်း နစ်နာစွာအ‌ပြောဆိုခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူများ၏နစ်နာမှုကိုသိရှိစေရန်ရေးခြင်းဖြစ်သည်) ဟု"ဆဲဆိုကာ ပါမိုးပေါ် သို့ သေနတ် လေးချက်ပစ်ဖောက်ခဲ့ပြီး အခြားအဆင့်ဝန်ထမ်းများမှ လေးခွများဖြင့် ပစ်ခတ်ခြင်း၊အရာရှိဝန်ထမ်းများကိုယ်တိုင် ကျဉ်စက်များ၊ရာဘာတုတ်များ၊သစ်သားတုတ်များ၊ကျစ်ကြိုးများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်းသိရသည်။

ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက် ထောင်ပြောင်းနှင့်ရောက်ရှိလာသူ နိုင်ငံရေးအကျဉ်းသူ (၃ဝ)ကျော်၊မူလကတည်း က ဒိုက်ဦးထောင်တွင်ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ(၅ဝ)ကျော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနိုင်ငံရေးအကျဉ်းသူ (၅)ဦးကျော် ဦးခေါင်းထိခိုက်ပေါက်ပြဲဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် အဆိုပါရိုက်နှက်ခံထားရသူအမျိုးသမီးများကို တိုက်ပိတ်ထားပြီး၊အပြင်းအထန်ရိုက်နှက်ခံထားရသူများမှာ ဒိုက်ဦးဆေးရုံဆောင်တွင် ဆေးဝါးကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။

ယခုဖြစ်စဉ်တွင် ကိုယ်တိုင်အမိန့်ပေး၍ ရိုက်နှက်မှုကို ဦးဆောင်ခဲ့ကြသည့် ထောင်ဝန်ထမ်းအရာရှိများမှာ ဦးစီးအရာရှိ ကျော်ဇေယျ၊မျိုးသီဟအောင် "၁ပွင့်" (အမျိုးသမီးများကို မိုက်ရိုင်းသည့် စကားလုံးများဖြင့်ဆဲဆိုရိုက်နှက်သူ)၊မင်းဇော်သိန်း "၁ပွင့်" (အမျိုးသမီးများကို ဆဲဆိုရိုက်နှက်သူ)၊ကိုလေးမြင့်(အဆောင်မှူး)တို့မှ ဥပဒေမဲ့ ရိုက်နှက်မှုများ ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှသိရသည်။ 

ယခုကဲ့သို့ အမျိုးသမီးများအပေါ် အရှက်ရစေရန် ဆဲဆိုပြီး ညစ်ညမ်းသောစကားအသုံးအနှုန်းများဖြင့် ပြောဆိုခြင်း ၊လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခြင်းစသည့် လူ့အခွင့်အ‌ရေးချိုးဖောက်နေမှုတို့ကို ကျူးလွန်သူ အကျဉ်းဦးစီးဝန်ထမ်းများအား တော်လှန်ရေးအင်အားစုများအနေဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး  ထိရောက်သည့် အပြစ်ပေးအရေးယူမှု ပြုပေးရန်  မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ တောင်းဆိုထားသည်။

Bagan News

Comments