Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းဆောင်ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အထက်ပိန်းပြစ်ရွာအား စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရွာဘုန်းတော်ကြီးကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA မှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်နေ့ ၊ညနေ (၃)နာရီခွဲအချိန်တွင် အောက်ပိန်းပြစ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် အထက်ပိန်းပြစ်ရွာသို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူများနှင့် ရဟန်းသံဃာတော်များ ဘာသာရေးအဆောက်အဦးများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ပြီးအထက်ပိန်းပြစ်ကျေးရွာထဲသို့ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေရကြောင်း TNLA မှထုတ်ပြန်သည်။ 

ထို့အပြင် ဇွန်လ (၂၂)ရက်နေ့၊ နေ့လည် (၁၁)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် မိုင်တိုင် အမှတ် (၇) အောက်ပိန်းပြစ်နှင့် အထက်ပိန်းပြစ်ရွာကြားတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မှသိရသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၂ဝ ရက်နေ့အထိ (၃) ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲဝင် (၃)ဦးကျဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၁ဝ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး၊ ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA မှထုတ်ပြန်သည်။ 


#Bagannews #မိုးကုတ်

Website - www.bagannews.com

Blog - https://bagan24news.blogspot.com/

Comments