Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သံတွဲမြို့မှာ တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီ စစ်ဘေးရှောင်

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ရခိုင်သတင်းရင်းမြစ်များအရသိရသည်။

ပြီးခဲ့သည့် ဇွန်လ၂၂ ရက်နေ့၊ ည (၇)နာရီကျော်ဝန်းကျင်၌  သံတွဲမြို့ ဂျိတ္ကတောင် ဘုန်းကြီးကျောင်းအနီး ရွှေကျောင်းပြင်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာ ပြင်းထန် ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ အကြား သံတွဲမြို့နယ်နှင့် ငပလီဒေသဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများမှာနီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာများသို့ ထွက်ပြေးတိန်းရှောင်နေရကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် သံတွဲရဲစခန်းမှ ရဲများ အရပ်ဝတ်များဝတ်ဆင်ကာ စခန်းကို စွန့်ခွာ ထွက်ပြေးသွားကြကြောင်း၊ သံတွဲမြို့၏ အပြင်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် မြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေပြီး ဒေသခံများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြကာယနေ့ နံနက်ပိုင်းတွင် သံတွဲမြို့ပေါ်၊ အနော်ရထာလမ်းရှိ လူနေအိမ်တလုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်း ဒွါရာဝတီလူထုအခြေပြုသတင်းဌာနကလည်းဖော်ပြသည်။ 

Photo - Tay Zein Da/FB

#Bagannews

#သံတွဲ

Website - www.bagannews.com

Blog - https://bagan24news.blogspot.com/

Comments