Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြိုင်မြို့နယ်တွင် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင် ချီတက်

 မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဟန်း၊သံဃာတော်များမှ ယနေ့  ဇွန်လ(၂၇)ရက်၊မနက်(၈)နာရီ ဝန်းကျင်၌  ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုနှင့် မေတ္တာသုတ်ရွတ်ဖတ် ချီတက် ခဲ့ကြကြောင်းသိရသည်။

ပတ္တနိက္ကုဇ္ဇန  ကံဆောင်ခြင်း ဆိုသည်မှာ သံဃာထုမှ စစ်အာဏာရှင်ကိုအဆက်အဆံမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်သည်။


စစ်ကောင်စီတပ်သည်  ဇွန် ၁၉ ရက်တွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသည့်ကားအား မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၌ ပစ်ခတ်ခဲ့ပြီး ဆရာတော် ပျံလွန်တော်မှုခဲ့သည်။

အလားတူ  စစ်ကောင်စီတပ်သည် ဇွန် ၂၂ ရက်တွင်လည်း မြင်းခြံမြို့၊ ဆခမကျေးရွာက ဆရာတော် ဦးဥတ္တမကို ထပ်မံသတ်ဖြတ်ခဲ့သည်။

ထို့သို့ ရဟန်း၊သံဃာတော်များများအား စစ်ကောင်စီတပ်မှ သတ်ဖြတ်နေသည့် အတွက်  သံဃာတော်များမှ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်စတင် ပြုလုပ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့မှစတင်ကာ ချောင်းဦးမြို့နယ်ရှိ သံဃာတော်များမှ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မှုအားစတင်ပြုလုပ်ခဲ့ပြီး ၂၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်ရှိ သံဃာတော်များ၊၂၅ ရက်နေ့တွင် တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တွင် သံဃာတော်များမှ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

Video - CJ

#Bagannews

#ပတ္တနိက္ကုဇ္ဇနကံဆောင်

Bagan News Website


Comments