Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

သံတွဲမြို့ ဆင်ခေါင်းကျေးရွာအား စစ်ကောင်စီတပ် ဒရုန်း လေယာဉ်များဖြင့် ဗုံးကြဲ အရပ်သား ၁၄ ဦးသေဆုံး

 ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဆင်ခေါင်းကျေးရွာအား ဇွန်လ (၄) ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ကြောင်း  အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 


ဇွန်လ ၁ဝ ရက်နေ့ အထိ ဆင်ခေါင်းကျေးရွာတွင် စာရင်းကောက်ယူမူအရ အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး အတည်မပြုနိုင်သော သေဆုံးသူများရှိနိုင်ကြောင်းထုတ်ပြန်ချက်ကဆိုသည်။

ဌင်းပြင် စစ်ကောင်စီတပ်မှ ဆင်ခေါင်းကျေးရွာအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျေးရွာရှိ နေအိမ် ၆ဝ မှာလုံးဝပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များသည် မေလ (၂၉) ရက်နေ့ကလည်း စစ်တွေမြို၊ ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများ ဖမ်းဆီးပြီး ၇၆ ဦးကို မတရားဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်ခဲ့သည်။ 

-Bagan News

www.bagannews.com 

Comments