Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သံတွဲမြို့ ဆင်ခေါင်းကျေးရွာအား စစ်ကောင်စီတပ် ဒရုန်း လေယာဉ်များဖြင့် ဗုံးကြဲ အရပ်သား ၁၄ ဦးသေဆုံး

 ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဆင်ခေါင်းကျေးရွာအား ဇွန်လ (၄) ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ကြောင်း  အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 


ဇွန်လ ၁ဝ ရက်နေ့ အထိ ဆင်ခေါင်းကျေးရွာတွင် စာရင်းကောက်ယူမူအရ အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး အတည်မပြုနိုင်သော သေဆုံးသူများရှိနိုင်ကြောင်းထုတ်ပြန်ချက်ကဆိုသည်။

ဌင်းပြင် စစ်ကောင်စီတပ်မှ ဆင်ခေါင်းကျေးရွာအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျေးရွာရှိ နေအိမ် ၆ဝ မှာလုံးဝပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များသည် မေလ (၂၉) ရက်နေ့ကလည်း စစ်တွေမြို၊ ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများ ဖမ်းဆီးပြီး ၇၆ ဦးကို မတရားဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်ခဲ့သည်။ 

-Bagan News

www.bagannews.com 

Comments