Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်မှုထမ်းရန် ခြိမ်းခြောက်ခံရသဖြင့် ကျွန်းလှမြို့နယ် ပြည်သူ ၁ သောင်းခန့် ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်မှုထမ်းရန် အတင်းအဓမ္မဖိအားပေး ခြိမ်းခြောက်ခံရသဖြင့် အိုးအိမ်စွန့်ခွါကာ ရွာလုံးကျွတ်နီးပါး  အရေးပေါ်ထွက်ပြေးတိမ်းရှောင် နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှသိရသည်။

၎င်းကျေးရွာများသည် ကျွန်းလှမြို့နှင့် သဖန်းဆိပ်ဆည်‌‌သွားရာ လမ်းမကြီးဘေးရှိ ကျေးရွာများဖြစ်ပြီး ကျွန်းလှမြို့နှင့်အလှမ်းမဝေးသဖြင့် ပျူစောထီးများ လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားနေသော ဒေသဖြစ်သည်။



ကျွန်းလှမြို့၊သစ်ရာမြိုင်အုပ်ကြီးဖြစ်သူ ပျူခေါင်းဆောင်ပွကြီးနှင့် နောက်လိုက်ပျူစောထီးများမှ ၎င်းကျေးရွာများအား မကြာခဏသွားရောက်ကာ ပျူသင်တန်းတက်ရန်နှင့် စစ်မှုထမ်းရန် အမြဲဖိအားပေးခြိမ်းခြောက်နေကြောင်း သိရသည်။

"ကျီကုန်းရွာမှာဆို ကျေးရွာအုပ်ချုပ်ရေးမှူးဦး‌မောင်ဝေနဲ့ ပျူခေါင်းဆောင် ဦးသောင်းဝင်းတို့က ဦးဆောင်ပြီး ရွာသားတွေရဲ့ မှတ်ပုံတင်တွေပါ သိမ်းထားကြတာဗျ၊ထွက်ပြေးမှာမို့လားတော့မသိဘူး။ အမျိုးသားမရှိရင် အမျိုးသမီးဝင်ရမယ်လဲ ခြိမ်းခြောက်တာတွေရှိတယ်။(၉-၆-၂၀၂၄)ဒီနေ့မဲနှိုက်ရမယ်ပြောပြီး မနှိုက်ရဘူးတဲ့၊ဘာတွေထပ်လုပ်အုံးမလဲမသိဘူး" ဟု အဝေးရောက်ကျီကုန်းရွာ‌ခံ တဦးက ပြောသည်။

စစ်ကောင်စီဘက်မှ စစ်မှုထမ်းရန်နှင့် ပျူစောထီးသင်တန်းတက်ရောက်ရန်  ဖိအားပေးခြိမ်းခြောက်နေခြင်းကြောင့် ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းရှိ ကျောက်အိုင်၊‌တပေါင်၊ငှက်ပျောတော၊ငါးဘတ်အိုင်၊သံဘို၊ဘိုကုန်း၊စံပြ၊ကျီကုန်း၊ရွာသီ၊ဇီး‌တောနှင့် ချောင်းကွေ့ရွာတို့မှ ပြည်သူ(၁)သောင်းခန့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရကြောင်းသိရသည်။

ဓာတ်ပုံ- ကန့်ဘလူမြို့နယ်စစ်ဘေးရှောင်ပြည်သူများ(ပုံဟောင်း) 

#Bagannews

www.bagannews.com 

Comments