Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နောင်ချိုနှင့် မိုးမိတ်မြို့ရှိ ကျေးရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

ဇွန် ၈ / Bagan News 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့်  မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများအား လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှသိရသည်။

ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့၊ နံနက်(၈)အချိန်တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပန်ဗွေကျေးရွာမှ နေ၍ သုံးဆယ်ကျေးရွာသို့လက်နက်ကြီး(၄)ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဇွန်လ(၄)ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ အုမ္မတီးလမ်းခွဲမှ နေ၍ အရပ်သားပြည်သူရှိရာ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး (၄)ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင်  မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှနေ၍ အရပ်သားပြည်သူရှိရာ မန်ဖွယ်ကျေးရွာသို့ လက်နက်ကြီး(၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူများဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

တအာင်းတပ်မတော် TNLA တည်ရှိရာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ ဇွန်လ(၁)ရက်နေ့မှ  ဇွန်လ (၆) ရက်နေ့အထိလက်နက်ကြီးဖြင့် စုစုပေါင်း အကြိမ် ၂ဝ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

#Bagannews

#နောင်ချို

#မိုးမိတ်

Comments