Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

နောင်ချိုနှင့် မိုးမိတ်မြို့ရှိ ကျေးရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

ဇွန် ၈ / Bagan News 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့်  မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများအား လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှသိရသည်။

ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့၊ နံနက်(၈)အချိန်တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပန်ဗွေကျေးရွာမှ နေ၍ သုံးဆယ်ကျေးရွာသို့လက်နက်ကြီး(၄)ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဇွန်လ(၄)ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ အုမ္မတီးလမ်းခွဲမှ နေ၍ အရပ်သားပြည်သူရှိရာ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး (၄)ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင်  မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှနေ၍ အရပ်သားပြည်သူရှိရာ မန်ဖွယ်ကျေးရွာသို့ လက်နက်ကြီး(၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူများဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

တအာင်းတပ်မတော် TNLA တည်ရှိရာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ ဇွန်လ(၁)ရက်နေ့မှ  ဇွန်လ (၆) ရက်နေ့အထိလက်နက်ကြီးဖြင့် စုစုပေါင်း အကြိမ် ၂ဝ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

#Bagannews

#နောင်ချို

#မိုးမိတ်

Comments