မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့ညမှစကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနေပြီး မြဝတီ - ဝေါလေ လမ်းပိုင်း တံတားချည်းကပ်မြေသားလမ်းပြိုကျ ပျက်စီးကာ အဆက်အသွယ် ယာယီပျတ်တောက်နေကြောင်းဒေသခံအချို့မှသိရသည်။
မြဝတီ-ဝေါလေ လမ်းပိုင်းရှိ မဲ့ထော်သလေးကျေးရွာထိပ် အများအခေါ် မီးလောင်ချောင်းတံတား ချည်းကပ်မြေသားကျောက်ခင်း သည် ချောင်းရေ ထိုးဆင်း မှုကြောင့် ပျက်စီးနေပြီး ဖြတ်သန်းရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံတဦးကပြောသည်။
ဌင်းမီးလောင်ချောင်းတံတားသည် မဲ့ထော်သလေး မှ KK တရုတ်ဆိုဒ် သွားရာ လမ်းပိုင်းတွင်ရှိပြီး KK တရုတ်ဆိုဒ် အတွင်း၌လည်း ယနေ့နံနက်တွင် ရေကြီးပြီးကားများမျှောပါခဲ့ကြောင်း ထိုင်းနိုင်ငံသားတဦးက လူမူကွန်ရက်တွင်ရေးသားထားသည်။
Photo - Ko Min/FB
#Bagannews

Comments
Post a Comment