Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရေဖြူမြို့နယ်အတွင်းရှိ စစ်တပ် ယာယီစစ်စခန်းအား Drone ဖြင့်တိုက်ခိုက်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ရာဖူးကျေးရွာရှိ စစ်တပ်၏ ယာယီစခန်းကိုဗျူဟာ (၃၃) ပူပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၁၁)ရက်နေ့၊ နေ့လည် (၁:၅၀) အချိန်၌ Drone ဖြင့် တိုက်ခိုက်ခဲ့ကြသည်။  

၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး(စိုးရိမ်ရ)နှင့်ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


၎င်းတိုက်ခိုက်မှုအား ပြည်သူကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်း၊ မွန်ပြည်ကာကွယ်ရေးတပ် ( MSRF ) ၊ K.T.L.A ၊ မွန်ပြည်သစ်ပါတီ ( AD ) ၊ အထူးဒရုန်းတပ်ဖွဲ့ ( SawDragon Drone Force ) ၊ ရေးဒရုန်းတပ်ဖွဲ့ ( Y.A.F ) ၊ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (D.N.L.A )တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်မှ ထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဇွန်လ (၁၃)ရက်နေ့တွင်လည်း အရပ်သားပြည်သူများကိုဖမ်းဆီးခြင်း၊ ကျေးရွာအတွင်းရှိ နေအိမ်များဖောက်ထွင်းခိုးယူခြင်းများ ပြုလုပ်နေသော စစ်တပ်ရှိရာ အလယ်စခန်းကျေးရွာသို့ နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ပြီး အမှတ် (၈) လမ်းမကြီးပေါ် သွားလာဖြတ်သန်းနေသောကားများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

#Bagannews #ထားဝယ် #ရေဖြူ


Comments