Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဆဒုံးမြို့ စစ်ကောင်စီတပ် ဗျူဟာကုန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

 ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့- ကံပိုင်တည်မြို့သွား လမ်းမပေါ်တွင်ရှိသည့် ဆဒုံးမြို့တစ်ခုလုံးအား ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ် ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့ ၌ သိမ်းပိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များအရသိရသည်။


ဆဒုံး – ကန်ပိုင်တည်သွား လမ်းမပေါ်တွင်ရှိသည့် ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်)၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်း၊ ဒိန်ဂါစစ်တပ်စခန်းနှင့် ဆဒုံးဗျူဟာကုန်းနေရာများအား KIA ပူးပေါင်းတပ်များက ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်း၌ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့ သည် မြစ်ကြီးနားမြို့အရှေ့ဘက် မိုင် ၄ဝ ခန့်အကွာ ပေ ၄ဝဝဝ ကျော်မြင့်သော တောင်တန်းတစ်ခုပေါ်တွင် တည်ရှိသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် လက်ရှိတိုက်ပွဲဖြစ်ပွားနေပြီး ဝိုင်းမော်မြို့နှင့် ပတ်ဝန်းကျင်မှာရှိသည့် ပြည်သူများအနေဖြင့် လုံခြုံသည့်နေရာများပြင်ဆင်ထားဖို့လိုကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လည်း ကချင်သတင်းကိုပြောကြားထားသည်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့တွင် KIA ပူးပေါင်းတပ်များက ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို သိမ်းပိုက်ခဲ့သည်။ ဌင်းနောက်တွင် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်နေပြီး ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာရှိ အရပ်သား ၁ဝ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်။

-Bagan News


Comments