Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

K.N.L.A ထံသို့ စစ်ကောင်စီ ဗိုလ်ကြီး တဦး လက်နက်ခဲယမ်း နှင့်အတူပူးပေါင်း

ဇွန် ၈ / Bagan News 

ကေအဲန်ယူ - ဒူးပလာယာခရိုင် K.N.L.A - တပ်မဟာ (၆) ထံသို့ မော့ကနင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခလရ(၁၀၆) မှ အသက် (၃၅) နှစ်ရှိ ပြန်တမ်းဝင် အမှတ် ကြည်း(၅၅၆၀၉) တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်သည် ဇွန်လ (၇) ရက်နေ့တွင် MA-3 (၁)လက် ကျည်ဘောက် (၃)ဘောက် ကျည် (၁၃၀)တောင့်၊ MA-5 (၁)လက် ကျည်ဘောက် (၁)ဘောက် ကျည် (၁၁) တောင့် နှင့် အီနာဂါ ဗုံးသီး (၄) လုံး စသည့်လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူမှထုတ်ပြန်သည်။


လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်း လာသော  စစ်ကောင်စီတပ်မှ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်အား K.N.L.A - တပ်မဟာ (၆) မှ ထောက်ပံ့ငွေအဖြင့် မြန်မာငွေ (၇,၀၀၀,၀၀၀) သိန်းခုနှစ်ဆယ် ကျပ် တိတိ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ။ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း နေရာအနံ့တိုက်ပွဲများ နေ့စဉ်နှင့်အမျှဖြစ်ပွားလျှက်ရှိနေပြီး  စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း K.N.L.A ဦးဆောင်သော တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များတို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျှက်ရှိသည်။

ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် ရောက်ရှိနေသော  စစ်ကောင်စီတပ်များသည် တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့် အပြင် စိတ်ဓာတ်ရေးရာအရ ကျဆင်းလာသည့်အတွက် အထက်အမိန့်အား ဖီဆန်၍ ကေအဲန်ယူ−ရင်အမျိုးသားအစည်းအရုံး၊ K.N.L.A - တပ်မဟာ (၆) ထံသို့ အများအပြား လာရောက်ပူးပေါင်းခြင်းများ ရှိနေကြောင်းသိရသည်။

စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မတရားဖိနှိပ်အုပ်ချုပ်နေသော မိမိတို့၏တပ်အား စွန့်ခွါကာ လာရောက်ပူးပေါင်းကြရန် ကေအဲန်ယူမှထုတ်ပြန်သည်။

ဓာတ်ပုံ - ကေအဲန်ယူ ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းလာသော တပ်ထောက်ဗိုလ်ကြီး တဦး နှင့် K.N.L.A မှ အရာရှိ တစ်ဦး။


Website

www.bagannews.com

Telegram

https://t.me/bagannews

YouTube

https://www.youtube.com/@BaganNews/videos

Blog

https://bagan24news.blogspot.com/


Comments