Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

K.N.L.A ထံသို့ စစ်ကောင်စီ ဗိုလ်ကြီး တဦး လက်နက်ခဲယမ်း နှင့်အတူပူးပေါင်း

ဇွန် ၈ / Bagan News 

ကေအဲန်ယူ - ဒူးပလာယာခရိုင် K.N.L.A - တပ်မဟာ (၆) ထံသို့ မော့ကနင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခလရ(၁၀၆) မှ အသက် (၃၅) နှစ်ရှိ ပြန်တမ်းဝင် အမှတ် ကြည်း(၅၅၆၀၉) တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်သည် ဇွန်လ (၇) ရက်နေ့တွင် MA-3 (၁)လက် ကျည်ဘောက် (၃)ဘောက် ကျည် (၁၃၀)တောင့်၊ MA-5 (၁)လက် ကျည်ဘောက် (၁)ဘောက် ကျည် (၁၁) တောင့် နှင့် အီနာဂါ ဗုံးသီး (၄) လုံး စသည့်လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူမှထုတ်ပြန်သည်။


လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်း လာသော  စစ်ကောင်စီတပ်မှ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်အား K.N.L.A - တပ်မဟာ (၆) မှ ထောက်ပံ့ငွေအဖြင့် မြန်မာငွေ (၇,၀၀၀,၀၀၀) သိန်းခုနှစ်ဆယ် ကျပ် တိတိ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ။ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း နေရာအနံ့တိုက်ပွဲများ နေ့စဉ်နှင့်အမျှဖြစ်ပွားလျှက်ရှိနေပြီး  စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း K.N.L.A ဦးဆောင်သော တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များတို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျှက်ရှိသည်။

ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် ရောက်ရှိနေသော  စစ်ကောင်စီတပ်များသည် တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့် အပြင် စိတ်ဓာတ်ရေးရာအရ ကျဆင်းလာသည့်အတွက် အထက်အမိန့်အား ဖီဆန်၍ ကေအဲန်ယူ−ရင်အမျိုးသားအစည်းအရုံး၊ K.N.L.A - တပ်မဟာ (၆) ထံသို့ အများအပြား လာရောက်ပူးပေါင်းခြင်းများ ရှိနေကြောင်းသိရသည်။

စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မတရားဖိနှိပ်အုပ်ချုပ်နေသော မိမိတို့၏တပ်အား စွန့်ခွါကာ လာရောက်ပူးပေါင်းကြရန် ကေအဲန်ယူမှထုတ်ပြန်သည်။

ဓာတ်ပုံ - ကေအဲန်ယူ ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းလာသော တပ်ထောက်ဗိုလ်ကြီး တဦး နှင့် K.N.L.A မှ အရာရှိ တစ်ဦး။


Website

www.bagannews.com

Telegram

https://t.me/bagannews

YouTube

https://www.youtube.com/@BaganNews/videos

Blog

https://bagan24news.blogspot.com/


Comments