Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

PNLA တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနား ကျင်းပ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA ) တပ်ဖွဲ့ တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၁ဝ ရက်နေ့တွင် တပ်ဖွဲ့အသီးသီးမှ မြေပြင်အသီးသီးတွင် အကျဉ်းချုပ် ကျင်းပခဲ့ကြသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကို ၂ဝဝ၇ ခုနှစ် ဇွန်လ ၁ဝရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ဇွန်လ ၁ဝ ရက်နေ့ ၂၀၂၄ ခုနှစ်၌ ၁၇ နှစ်ပြည့်ပြီဖြစ်ကြောင်း PNLA မှထုတ်ပြန်သည်။



တပ်ဖွဲ့တည်ထောင်ခြင်း (၁၇ )နှစ်ပြည့်အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတော် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အလံတော် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အလံတော်များအား အလေးပြုခြင်း တပ်ဖွဲ့တာဝန်ရှိသူများက ခွန်အားပေးစကားပြောကြားခြင်း စသည့်အစီအစဉ်များဖြင့် ပြုလုပ်ခဲ့သည်။ ထို့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးလေပြီးသည့် သူရဲကောင်းအာဇာနည်များကိုလည်း အလေးအနက်ထားပြီး ဂုဏ်ပြု ချီးမွမ်း အလေးပြုခဲ့ကြသည်။

 #Bagannews #PNLA #ပအိုဝ်း

Comments