Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဟိုပုံးမြို့ခံ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ နောက်ပဖါရပ်ကွက်နေ ပြည်သူ့ (၂) ဦးကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နေအိမ်ပေါ်ထိ လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှသတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ ညနေ ၈ နာရီခန့်တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ဖြင်းဖြစ်ပြီး အသတ်ခံရသူ (၂) ဦးမှာ ဟိုပုံးမြို့ နောင်ပဖါရပ်ကွက်နေ ဖြားခွန်လှ နှင့် ခွန်ဗွုန်း တို့ဖြစ်သည်။


၎င်းတို့ကို ပစ်သတ်ပြီးနောက် ဖြားခွန်လှ နှင့် ခွန်တဗွုန်းသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များဖြစ်သဖြင့် ပစ်သတ်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။ 

၎င်းတို့ (၂)ဦးသည် နောင်ပဖါရပ်ကွက်နေ သာမန်ပြည်သူများဖြစ်ပြီး PNLA နှင့် ပတ်သက်မှုမှ မရှိကြောင်း၊ ဖြားခွန်လှမှာ နောင်ပဖါရပ်ကွက်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး အကျင့်ပျက်နေသူများအား စာရိတ္တပြုပြင်ရေးတွင် တက်ကြွစွာ အကူအညီပေးနေသည့် ရပ်မိရပ်ဖ တဦးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် မေလ မှ ဇွန်လ (၃) ရက်နေ့အထိ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ပြန်ပေးဆွဲငွေညှစ်ခြင်း ၊ ရိုက်နှက်နှိပ်စက်ခြင်းများ ၁ဝ ကြိမ်ပြုလုပ်ခဲ့ပြီး သတင်းမရရှိသည့် နေရာများတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း PNLA မှသတင်းထုတ်ပြန်သည်။

- Bagan News 

www.bagannews.com 

Comments