Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဟိုပုံးမြို့ခံ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ နောက်ပဖါရပ်ကွက်နေ ပြည်သူ့ (၂) ဦးကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နေအိမ်ပေါ်ထိ လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှသတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ ညနေ ၈ နာရီခန့်တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ဖြင်းဖြစ်ပြီး အသတ်ခံရသူ (၂) ဦးမှာ ဟိုပုံးမြို့ နောင်ပဖါရပ်ကွက်နေ ဖြားခွန်လှ နှင့် ခွန်ဗွုန်း တို့ဖြစ်သည်။


၎င်းတို့ကို ပစ်သတ်ပြီးနောက် ဖြားခွန်လှ နှင့် ခွန်တဗွုန်းသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များဖြစ်သဖြင့် ပစ်သတ်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။ 

၎င်းတို့ (၂)ဦးသည် နောင်ပဖါရပ်ကွက်နေ သာမန်ပြည်သူများဖြစ်ပြီး PNLA နှင့် ပတ်သက်မှုမှ မရှိကြောင်း၊ ဖြားခွန်လှမှာ နောင်ပဖါရပ်ကွက်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး အကျင့်ပျက်နေသူများအား စာရိတ္တပြုပြင်ရေးတွင် တက်ကြွစွာ အကူအညီပေးနေသည့် ရပ်မိရပ်ဖ တဦးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် မေလ မှ ဇွန်လ (၃) ရက်နေ့အထိ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ပြန်ပေးဆွဲငွေညှစ်ခြင်း ၊ ရိုက်နှက်နှိပ်စက်ခြင်းများ ၁ဝ ကြိမ်ပြုလုပ်ခဲ့ပြီး သတင်းမရရှိသည့် နေရာများတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း PNLA မှသတင်းထုတ်ပြန်သည်။

- Bagan News 

www.bagannews.com 

Comments