Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မိုးမိတ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီ ပေါင် ၅ဝဝ ဗုံးကြဲချ တိုက်ခိုက်

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်မှ လေကြောင်း အသုံးပြုကာ ပေါင် ၅ဝဝ ဗုံးဖြင့်  ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ယနေ့ ဇွန်လ ၉ ရက်နေ့၊ညနေ (၄:၃၀)အချိန်တွင် မိုးမိတ်မြိုနယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား  စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၃) ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် ၅ဝဝ ဗုံးဖြင့် (၁) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 


စစ်ကောင်စီတပ်သည် ယနေ့ ညနေ (၅:ဝ၅)အချိန်တွင်လည်း ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ (၁)လုံးအသုံးပြုကာ  ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ (၁) ရက်နေ့မှ (၉) ရက်နေ့အထိ စစ်ကောင်စီတပ်မှ TNLA ရှိရာသို့ လက်နက်ကြီးဖြင့် (၁ဝ) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅ဝဝ ဗုံး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း TNLAမှထုတ်ပြန်သည်။

#Bagannews #TNLA #မိုးမိတ်

www.bagannews.com 

Comments