Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မိုးမိတ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီ ပေါင် ၅ဝဝ ဗုံးကြဲချ တိုက်ခိုက်

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်မှ လေကြောင်း အသုံးပြုကာ ပေါင် ၅ဝဝ ဗုံးဖြင့်  ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ယနေ့ ဇွန်လ ၉ ရက်နေ့၊ညနေ (၄:၃၀)အချိန်တွင် မိုးမိတ်မြိုနယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား  စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၃) ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် ၅ဝဝ ဗုံးဖြင့် (၁) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 


စစ်ကောင်စီတပ်သည် ယနေ့ ညနေ (၅:ဝ၅)အချိန်တွင်လည်း ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ (၁)လုံးအသုံးပြုကာ  ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ (၁) ရက်နေ့မှ (၉) ရက်နေ့အထိ စစ်ကောင်စီတပ်မှ TNLA ရှိရာသို့ လက်နက်ကြီးဖြင့် (၁ဝ) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅ဝဝ ဗုံး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း TNLAမှထုတ်ပြန်သည်။

#Bagannews #TNLA #မိုးမိတ်

www.bagannews.com 

Comments