Skip to main content

Latest News

"တော်လှန်ရေးပြီးရင် လူငယ်တွေရဲ့ ပညာရေးကို ဦးစားပေးမယ်"

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူ မဖူးပွင့်ဝေနဲ့မေးမြန်းခြင်း။ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ လူငယ်တွေဟာ အင်တိုက်အားတိုက်နဲ့ လမ်းပေါ်ထွက်ပြီးအာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးပစ်ခတ်တာတွေ လုပ်လာတဲ့နောက်မှာတော့ လူငယ်တွေဟာ တိုင်းရင်းသားနယ်မြေတွေသွားရောက်ပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီထဲမှာ အမျိုးသမီးလူငယ်တွေဟာလည်း အမျိုးသားတွေနဲ့တန်းတူပါဝင်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း အညာဒေသ ဆားလင်းကြီးမြို့နယ်က နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ မဖူးပွင့်ဝေဟာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးရက်စက်မှုတွေကို မြင်လာတဲ့အခါမှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှေ့တန်းမှာ စစ်တိုက်ဖို့ အမျိုးသမီးတွေ အခွင့်အလမ်းနည်းပါးတာကြောင့် သပိတ်တိုက်ပွဲတွေကို ပြန်အသက်သွင်းခဲ့ပြီး စိတ်တူညီတဲ့ သူငယ်ချင်းတွေနဲ့ ၂၀၂၂ ခုနှစ်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ အညာဒေသမှာ ဘယ်လိုကူညီမှုတွေလုပ်နေသလဲ။ အမျိုးသမီးလူငယ်တစ်ယောက်အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုဖ...

နိုင်ငံတကာ ကုမ္ပဏီများ စစ်လက်နက်ပွဲစားများက စစ်ကောင်စီ စစ်ရာဇဝတ်မှုများ ကျုးလွန်စေရန် ATR လေယာဉ်များ ပံ့ပိုးကူညီကြောင်းတွေ့ရှိ

24 Hour Group၊ KT Group၊ Gateway Group နှင့် Htoo Group တို့က ATR လေယာဉ်များကို စစ်ကောင်စီအတွက် ဝယ်ယူပေးခဲ့ပြီး Air KBZ သည် အရပ်ဘက်လေကြောင်းပြေးဆွဲရန်အတွက် အနည်းဆုံး ATR လေယာဉ်နှစ်စီးကို စစ်အုပ်စုထံမှ ငှားရမ်းအသုံးပြုခဲ့


စစ်ရာဇဝတ်မှုများနှင့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူ ခံရခြင်းမရှိဘဲ ကျူးလွန်နေသော မြန်မာစစ်အုပ်စုကို ATR လေယာဉ်များအား အသုံးပြုနိုင်ရေး အတွက် ကမ္ဘာတဝန်းရှိ  ပံ့ပိုးကူညီနေသည့် ကုမ္ပဏီများအား သုတေသနလေ့လာမှုအသစ်တွင် ဖော်ထုတ်နိုင်ခဲ့ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

၂၀၁၃ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ် အနည်းဆုံး ဆယ်စီးအား မြန်မာစစ်အုပ်စု ဝယ်ယူအသုံးပြုနိုင်ရန် ကူညီပေးခဲ့ကြသည့် ကမ္ဘာတဝန်းမှ ကုမ္ပဏီများပါဝင်သော ကွန်ရက်တစ်ခုကို Justice For Myanmar က ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

စစ်အုပ်စုသည် ATR လေယာဉ်များအား နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့အသုံးပြုသည့် စစ်သည်များနှင့် စစ်လက်နက်များကို သယ်ဆောင်ရာတွင်လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်းကောင်း အဆိုပါလေယာဉ်များကို အသုံးပြုနေကြောင်းသိရသည်။ 

နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် မြန်မာစစ်အုပ်စုထံ ATR လေယာဉ်များ လွှဲပြောင်းရောင်းချခဲ့ကြောင်းနှင့် ရောင်းချမှုအချို့တွင် ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရှောင်လွှဲရန်ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူအား ဖုံးကွယ်ပေးထားမှုများ ရှိနေကြောင်း Justice For Myanmar ၏ သုတေသနလေ့လာမှုအတွင်းတွင် ဖော်ထုတ်ထားသည်။

မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီများသည် လေယာဉ်အပိုပစ္စည်းများ ဝယ်ယူပေးခြင်း၊ ပြုပြင်ထိန်း သိမ်းရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့်လည်း စစ်အုပ်စုကို ကူညီခဲ့ကြောင်းသိရသည်။

ပြင်သစ်နိုင်ငံရှိ ATR နှင့် Sabena Technics၊ ဩစတြီးယားနိုင်ငံရှိ Axis Flight Simulation Systems တို့အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများသည် လေယာဉ်၏အဓိကအစိတ်အပိုင်းများ ပြုပြင်ပေးခြင်း၊ အရေးပါသည့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်း၊ ATR လေယာဉ်များ မောင်းနှင်နိုင်ရန် မြန်မာစစ်ကောင်စီလေတပ်မှ လေသူရဲများအား သင်တန်းပေးခြင်းတို့ဖြင့် စစ်အုပ်စုက ATR လေယာဉ်များကို ဆက်လက်အသုံးပြုနေနိုင်အောင် ကူညီပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအပေါ် အီးယူ၏ ကန့်သတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်အသက်ဝင်ပြီး၊ ပိုမိုအားကောင်း လာသည့် အချိန်ပိုင်းဖြစ်သော ၂၀၁၈ ခုနှစ်အတွင်း အဆိုပါရောင်းချမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စင်ကာပူနိုင်ငံအတွင်းရှိ ကုမ္ပဏီများသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း အရေးပါသည့် စက်ပစ္စည်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ATR လေယာဉ်များ ဆက်လက်အသုံးပြုနိုင်အောင် ကူညီခဲ့ကြောင်းသိရသည်။

ခရိုနီကုမ္ပဏီ 24 Hour Group ပိုင်ဆိုင်သည့် Air KBZ (ယခု Mingalar Aviation) သည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ စစ်ကောင်စီလေတပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူ လွှဲပြောင်းရာတွင်လည်းကောင်း၊ စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group သည် ဗီယက်နမ် လေကြောင်းလိုင်းများမှ နောက်ထပ် ATR လေယာဉ် နှစ်စီးဝယ်ယူရာတွင် ၎င်း၏အမည်ကို အသုံးပြုဝယ်ယူစေခဲ့ရာတွင် လည်းကောင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်းသိရသည်။

Air KBZ သည် အရပ်ဘက်လေကြောင်းပြေးဆွဲရန်အတွက် အနည်းဆုံး ATR လေယာဉ်နှစ်စီးကို စစ်အုပ်စုထံမှ ငှားရမ်းအသုံးပြုခဲ့ပြီး၊ စစ်အုပ်စုအတွက် ဝင်ငွေအရင်းအမြစ်တစ်ခု ပေးအပ်ခဲ့ကြောင်းသိရသည်။

စစ်အုပ်စုဆက်နွယ်ခရိုနီစီးပွားရေးလုပ်ငန်းစု KT Group သည် စစ်တပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူရာတွင် ၎င်းတို့၏ British Virgin Islands ကုမ္ပဏီခွဲ MWG Limited မှတဆင့် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အခြား ATR လေယာဉ်များကို ခရိုနီစီးပွားရေးလုပ်ငန်းစု ထူးကုမ္ပဏီအုပ်စုက ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပြီး၊ ထူးကုမ္ပဏီအုပ်စုသည် လေတပ်၏ အနည်းဆုံး ATR လေယာဉ် ၆ စီး အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုက အနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကို လက်လှမ်းမှီ ရရှိနေနိုင်ခဲ့တာကတော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက နိုင်ငံအနှံ့ ၎င်းတို့ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ရာမှာ ဒီလေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပြီး၊ ဒါဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပံ့ပိုးကူညီနေတာပဲ ဖြစ်ပါတယ်" ဟုပြောကြားသည်။

"နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ရာမှာ ပြင်သစ်လေယာဉ်တွေကို မြန်မာစစ်အုပ်စု အသုံးပြုနေခြင်းက အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ၎င်းတို့ရဲ့ ကန့်သတ်ပိတ်ပင်ထားတဲ့ အရေးယူဆောင်ရွက်ချက်တွေကို တိုးမြှင့် ချမှတ်ဖို့နဲ့ ပိုမိုအသက်ဝင်စေဖို့ လိုအပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။

စင်ကာပူနိုင်ငံအနေနဲ့လည်း စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို မြန်မာစစ်အုပ်စု ရရှိအသုံးပြုနေမှုတွေကို ဖြတ်တောက်ဖို့၊ မြန်မာစစ်တပ်လက်နက်ပွဲစားကုမ္ပဏီတွေကို ၎င်းတို့နယ်မြေပိုင်နက်အတွင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားတာတွေကို ရပ်တန့်ဖို့တွေအတွက် အခုထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟုဌင်းကဆက်လက် ပြောကြားသည်။

မြန်မာ့လေတပ်နှင့် ယင်း၏ပွဲစားများက အပိုပစ္စည်းများနှင့် လဲလှယ်ရမည့် စက်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူရရှိနေမှု၊ လေယာဉ်အမှုထမ်းနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ ရရှိနေမှု၊ လေတပ်၏ ATR လေယာဉ်များ ဆက်လက်ပျံသန်းနိုင်ရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ရရှိနေမှုတို့ကို အရေးတကြီး ပိတ်ပင်ရန် အစိုးရများကို Justice For Myanmar က တောင်းဆိုသည်။

24 Hour Group၊ KT Group၊ Gateway Group နှင့် Htoo Group တို့အပါအဝင် စစ်တပ်၏ ATR လေယာဉ်အုပ်အတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်း ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့လုပ်ဆောင်သင့်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

ယခင်နှင့် ယခုကာလအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချိုးဖောက်မှုများအတွက် လက်ရှိချမှတ်ထားသော အရေးယူဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို အားကောင်းစေရန် အသက်သွင်းသင့်ကြောင်း၊ နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာစစ်လက်နက်ပွဲစားများ၊ မြန်မာစစ်အုပ်စုအား ပံ့ပိုးကူညီ ထားသည့် အရပ်ဘက်လေကြောင်းကုမ္ပဏီများနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းသင့်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

-Bagan News

Comments

Popular posts from this blog

"တော်လှန်ရေးပြီးရင် လူငယ်တွေရဲ့ ပညာရေးကို ဦးစားပေးမယ်"

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူ မဖူးပွင့်ဝေနဲ့မေးမြန်းခြင်း။ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ လူငယ်တွေဟာ အင်တိုက်အားတိုက်နဲ့ လမ်းပေါ်ထွက်ပြီးအာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးပစ်ခတ်တာတွေ လုပ်လာတဲ့နောက်မှာတော့ လူငယ်တွေဟာ တိုင်းရင်းသားနယ်မြေတွေသွားရောက်ပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီထဲမှာ အမျိုးသမီးလူငယ်တွေဟာလည်း အမျိုးသားတွေနဲ့တန်းတူပါဝင်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း အညာဒေသ ဆားလင်းကြီးမြို့နယ်က နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ မဖူးပွင့်ဝေဟာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးရက်စက်မှုတွေကို မြင်လာတဲ့အခါမှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှေ့တန်းမှာ စစ်တိုက်ဖို့ အမျိုးသမီးတွေ အခွင့်အလမ်းနည်းပါးတာကြောင့် သပိတ်တိုက်ပွဲတွေကို ပြန်အသက်သွင်းခဲ့ပြီး စိတ်တူညီတဲ့ သူငယ်ချင်းတွေနဲ့ ၂၀၂၂ ခုနှစ်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ အညာဒေသမှာ ဘယ်လိုကူညီမှုတွေလုပ်နေသလဲ။ အမျိုးသမီးလူငယ်တစ်ယောက်အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုဖ...

ပုလဲမြို့နယ်မှာ ရွာခံပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရ

  -စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာဒေသခံ ၂ သောင်းကျော် စစ်ဘေးရှော်နေရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။ -စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ကျီကျင်းရွာကို စစ်ကောင်စီစစ်ကြောင်းက ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အမျိုးသား ၈ ဦးထက်မနည်းသတ်ဖြတ်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကထုတ်ပြန်ပါတယ်။ - မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှာ မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားခဲ့တဲ့ Sky Villa ကွန်ဒို အဆောက်အအုံ A အဆောင်ကနေ ရုပ်အလောင်း ၅ လောင်းဒီကနေ့ထပ်မံတွေ့ရှိတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို ဒီကနေ့မနက်မှာ စစ်တပ်က လေကြောင်းသုံး ဗုံးကြဲခဲ့တာ​ကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အရင်လ ဇူလိုင်လအတွင်းမှာ စစ်တပ်က မိုးကုတ်မြို့ကို ဗုံး​ ၄ ကြိမ်ကြဲခဲ့လို့ အရပ်သား ၆ ဦး​သေဆုံးပြီး ၂၅ ဦးဒဏ်ရာရခဲ့​တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ထားပါတယ်။ - ရန်ကုန်တိုင်းက လူငယ်စုံတွဲတွေကို Sex Video ရိုက်ကူးပြီး အွန်လိုင်းမှာ Live လွှင့်ခဲ့တဲ့သူတွေကို လူကုန်ကူးမှုနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောပါတယ်။ သင်္ဃန်းကျွန်းမြိုနယ်က လူငယ်စုံတွဲနဲ့ အခြားလူငယ်စုံတွဲနှစ်တွဲကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာအတွင်းက နေအိမ် တစ်အိမ်မှာ တရုတ်နိုင်ငံသားတွေက  Sex Video ရိုက်ကူးပြီး ချီထိုက် Application ကတစ်ဆင့် Live လွှင့်တင်ခဲ့ကြတာပါ။  - စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် (၁၆/၁၇) အတွက် မုံရွာမြို့ နန်ချွန်ဆိပ်ကမ်းနဲ့မုံရွာဇက်ဆိပ်တွေမှာ အရပ်ဝတ်တွေနဲ့ ကင်းထောက်လှမ်းပြီး စက်လှေတွေ ကမ်းကပ်ချိန်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မ...