Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

လားရိူး ရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်ရင်းတပ်ဖွဲများ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြဟု ဇော်မင်းထွန်းလိမ်ပြန်


 သြဂုတ် ၅ / Bagan News

ရှမ်းပြည်နယ် လားရိူးမြို့ရှိ ရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခမှ တပ်ရင်းတပ်ဖွဲ့ဝင် ၄ဝဝဝ ကျော် အလံဖြူထောင် လက်နက်ချအလင်းဝင်ခဲ့သည့်ဟု ကိုးကန့်တပ် MNDAA နှင့်နီးစပ်သည့်သတင်းများတွင် သြဂုတ်လ (၄) ရက်နေ့၌ ဖော်ပြခဲ့ပြီး ရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ တပ်ရင်းတပ်ဖွဲ့ဝင်များ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြဟု စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဇော်မင်းထွန်းက ဝါဒဖြန့်မီဒီယာများမှတဆင့် ယနေ့နံနက်တွင် လိမ်လည်ပြောဆိုသည်။


ရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ မှ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ စကခ (၁) တပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး တို့အား ကိုးကန့်တပ်မတော် MNDAA က အရှင် ဖမ်းဆီးရမိကြောင်း တရားခံ ဓာတ်ပုံများနှင့် အတူ ကိုးကန့်တပ် MNDAA မှထုတ်ပြန်ထားသည်။

လားရိူးမြို့ရှိ ရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခမှ တပ်ရင်းတပ်ဖွဲ့ဝင် ၄ဝဝဝ ကျော် လက်နက်ချအလင်းဝင်ခဲ့သည့်ရုပ်သံဖိုင်များလည်း လူမှုကွန်ရက်တွင်တွေ့ရသည်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲများအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း တပ်ဖွဲ ဌာနချုပ်တွေမှာ မိသားစုဝင် အမျိုးသမီး များ၊ ကလေးငယ်များ ၊ အရပ်သားများပါ ရှိနေတာဖြစ်လို ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ တချိုသော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချိုကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်” ဟု စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုသည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA နှင့် ပူးပေါင်းတပ်များက သြဂုတ်လ (၃) ရက်နေ့တွင် အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ် MNDAA မှ တရားဝင်သတင်း ထုတ်ပြန်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းတပ်သည် ဒဏ်ရာရစစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင် ၄၇ဝ ကျော်ကို လားရှိုးတပ်မတော်ဆေးရုံ တွင် စွန့်ပစ်ထားခဲ့ကြောင်း ကိုးကန့်တပ် MNDAA မှရုပ်သံဖိုင်နှင့်ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့တွင် MNDAAတပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အတွင်း၌ ကျန်ရစ်နေသောစစ်ကောင်စီတပ်သားများအား ဆက်လက်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်းသိရသည်။

တိုက်ခိုက်နေစဉ် တိုင်းစစ်ဌာနချုပ်၏ တပ်မတော်ဆေးရုံတွင် စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသူ အများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း လူပေါင်း ၄၇ဝ ကျော်ကို တပ်မတော်ဆေးရုံ တွင် စွန့်ပယ်ထားခဲ့သည်ကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ စွန်ပယ်ခဲ့သူအားလုံးမှာ ပြင်းထန်စွာဒဏ်ရာရသူများဖြစ်ပြီး အများစုမှာ မသန်စွမ်းတဲ့အောက်ခြေကေဒါများဖြစ်ကြကြောင်း၊ ၎င်းတို့၏အထက်အရာရှိများနှင့် ရဲဘော် ရဲဘက်များက ယင်းတို့အား ရက်ရက်စက်စက်စွန့်ပယ်ခဲ့ပြီး ထွက်ခွါသွားတဲ့အချိန်မှာ မည်သို့ခံစားရမည်ကို တွေးကြည့်ရန် ခက်ခဲကြောင်း၊ လူသားချင်းစာနာထောက်ထားမှု နှင့် MNDAA၏ စစ်သုံ့ပန်းများအား ကောင်းမွန်စွာစောင့်ရှောက် ဆက်ဆံသောမူဝါဒအရ တိုက်ပွဲများပြင်းထန်နေသော်လည်း MNDAAတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိ သူများနှင့် ၎င်းတို့၏မိသားစုဝင်များကို လုံခြုံရာသို့လွှဲပြောင်းပေးခဲ့ကြောင်းထုတ်ပြန်သည်။

လားရှိုးမြို့တိုက်ပွဲမစတင်မီတွင် လားရှိုးမြို့ရှိ အာဏာသိမ်းတပ်၏အကြီးတန်းအရာရှိများက ၎င်းတို့၏ မိသားစုများကို ရွှေ့ပြောင်းရန် စီစဉ်နေပြီဖြစ်ကြောင်း၊ အချိန်မှီမပြောင်း‌‌ရွှေ့ရသေးသော မိသားစုဝင်များကို ရဟတ်ယာဉ်များဖြင့် လာ‌ရောက်ခေါ်ဆောင်သွားကြောင်း၊ အောက်ခြေကေဒါ များနှင့် ၎င်းတို့၏မိသားစုဝင်များသည် အရွှေ့အပြောင်းမပြုရဟု အမိန့်ထုတ်ပြန်ထားကြောင်း ဒဏ်ရာရသူထံများမှသိရှိသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အတွင်း၌ အရာရှိများ၏ နိုင်ထက်စီးနင်းခြင်း၊ စွန့်ပယ်ခြင်း၊ စစ်မြေပြင်၌ ကိုယ်အားကိုယ်ကိုးပြီး ရှင်သန်နေရခြင်း စသည့်ဖြစ်ရပ်များကို နိုင်ငံတစ်ဝှမ်းတွင် မကြာခဏ မြင်တွေ့နိုင်ကြောင်း ကိုးကန့်တပ် MNDAA မှထုတ်ပြန်သည်။

Facebook


Comments