Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပုသိမ်ထောင်မှ မြောင်းမြထောင်သို့ နိုင်ကျဉ်းအပါအဝင် အကျဉ်းသား၂၇၅ ဦးပြောင်းရွေ့

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ ပုသိမ်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား စုစုပေါင်း ၂၇၅ ဦးအား မြောင်းမြထောင်သို့ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ကထုတ်ပြန်သည်။ 

အဆိုပါ ထောင်ပြောင်းရွေ့မှုတွင် နိုင်ငံရေးအကျဉ်းသားဦးရေ ၂၅ ဦးခန့်သာပါရှိပြီး ကျန်အကျဉ်းသားများမှာ နယ်စပ်ဖြတ်ကျော်မှုအပါအဝင် အခြားမှုများ ဖြစ်ကြောင်းသိရသည်။ 


ထောင်ပြောင်းဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၅ ရက် နံနက် ၈ နာရီခန့်တွင် ပုသိမ်အကျဉ်းထောင်မှ နိုင်ကျဉ်းများအား မြောင်းမြထောင်သို့ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး နေ့လည်(၂)နာရီအချိန်ခန့်တွင် မြောင်းမြထောင်သို့ အန္တရာယ်ကင်းစွာ ရောက်ရှိကြကြောင်း သိရှိပါသည်။ 

ပုသိမ်မြို့တွင် စစ်ရေးပြင်ဆင်နေကြောင်း၊ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများအားလုံး၏ လုံခြုံမှု အတွက် သတိထားနေရကြောင်း ပုသိမ်ထောင်နှင့် နီးစပ်သူတဦးထံမှ သိရသည်။

ဩဂုတ်လ လကုန်ပိုင်းတွင်လည်း ပုသိမ်ထောင်မှ နိုင်ကျဉ်းအပါအဝင် အကျဉ်းသားများ ထပ်မံရွှေ့ပြောင်းမှု ပြုလုပ်ရန်ရှိကြောင်း၊ ကျား/ မ အရေအတွက် စုံစမ်းသိရှိရမှု မရှိသေးကြောင်း PPNM ကထုတ်ပြန်သည်။ 

Bagan News

Comments