Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နိုင်ငံတကာအသိုက်အဝန်းမှ အရေးယူဆောင်ရွက်မှု ပျက်ကွက်နေခြင်းကြောင့် မြန်မာပြည်သူများ ခံစားနေရမှုများ ပိုမိုဆိုးရွားလာကြောင်း ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းပြော

နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သည့်အရေးယူ ဆောင်ရွက်မှု ပျက်ကွက်နေခြင်း ကြောင့် မြန်မာပြည်သူများခံစားနေရမှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာ ကြောင်း၊ မြန်မာပြည်သူများ ခံစားနေရမှုသည် စကားလုံးဖြင့်ဖော်ပြ၍ မရသည့် ကြေကွဲ စရာဖြစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားသည်။

အမေရိန်ကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ UNDP ၊ UNFPA UNOPS ၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ်ပုံမှန်အစည်း အဝေးကို ၂၆-၈-၂၀၂၄ ရက်နေ့မှ ၂၉-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေပြီး သြဂုတ်လ ၂၇ ရက်နေ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

မြန်မာပြည်သူများ၏ ပြဿနာရပ်များ၏ အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် မတရားစစ်အာဏာ သိမ်းယူမှု ကြောင့်ဖြစ်သည်ဆိုသည်မှာ ရှင်းလင်းနေကြောင်း၊ ယင်းပြဿာနာကို ဖြေရှင်းရေးအတွက် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဆင့်တို့တွင် ဟန်ချက်ညီညီ  ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ဦးကျော်မိုးထွန်းကပြောကြားသည်။ 

မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သန္နိဌာန်ချထားပြီး၊  တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေကြောင်း၊ ယင်းတွင် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများ၏ ကြိုးပမ်းနေမှုအပေါ် ထိရောက်သော ထောက်ခံပံ့ပိုးမှု ပေးရန်လိုကြောင်း၊ လွတ်လပ်ပြီး စည်းလုံးညီညွတ်သည့် ဒီမိုကရေစီ အနာဂတ်မြန်မာနိုင်ငံ ကို တည်ထောင်ခြင်းဖြင့်သာ မိမိတို့ အားလုံး ရည်မှန်းချက်ထားသည့် ဖွံ့ဖြိုးတိုးတက်မှု ကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း သူကဆိုသည်။

ထို့အပြင် စစ်တပ်၏ အတင်းအဓ္ဓမစစ်မှုထမ်းစေခြင်းကြောင့်လည်း နိုင်ငံတစ်ဝှမ်းရှိ ပြည်သူ များသည် ကြောက်ရွံ့မှုအောက်တွင် နေထိုင်နေရကြောင်း၊ တရားဥပဒေစိုးမိုးမှုသည် အလုံးစုံ ပျက်စီးခဲ့ပြီးဖြစ်ကြောင်း၊  အွန်လိုင်းလိမ်လည်မှုများအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ဒေသအပြင်ဘက်ကိုပါ ရိုက်ခတ်လျက်ရှိကြောင်း၊ စစ်တပ်အကြမ်းဖက် ရက်စက်ရုပ်မာမှုများ၏ ရိုက်ခတ်မှုများကို အမျိုးသမီး၊ မိန်းကလေး ငယ်များနှင့် လူငယ်များက ဆိုးရွားစွာ ခါးစည်းခံစားနေကြရကြောင်းလည်း ဦးကျော်မိုးထွန်းကပြောကြားသည်။ 

-Bagan News

Comments