Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများ၊ ရဲတပ်ဖွဲဝင်များ ပူးပေါင်း၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေလုံခြုံရေး ဆောင်ရွက်မည်ဟု မင်းအောင်လိူင်ပြော

 စစ်ကောင်စီခေါင်းဆောင် မင်းအောင်လိူင်သည် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား သြဂုတ်လ ၂၆ ရက်က စစ်ဆေးခဲ့ပြီး ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံတည်ငြိမ်ရေးကို ဆောင်ရွက်သွားရမည်ဟုပြောကြားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာက ယနေ့ဖော်ပြသည်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမတွင်  မန္တလေးတိုင်းမှူး ကျော်ကိုထိုက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်များဆောင်ရွက်လျက်ရှိမှု၊ အခြေအနေများနှင့်ပတ်သက်၍ တင်ပြခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လိူင်က  ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံတည်ငြိမ်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၏ စွမ်းရည်များတိုးတက်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လိူင်သည် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သြဂုတ်လ ၂၆ ရက်နေ့က ရောက်ရှိနေစဉ်တွင် မန္တလေးမြို့အနီးရှိ သပိတ်ကျင်းမြို့အား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသ မှ ထုတ်ပြန်ခဲ့သည်။ 

အလားတူ သပိတ်ကျင်းမြို့နယ် ၊ ကွင်း (၅ဝဝ)တွင် အခြေပြုလှုပ်ရှားလျက်ရှိသော စစ်ကောင်စီတပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိရခဲ့ကြောင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကလည်း ထုတ်ပြန်ခဲ့သည်။

Bagan News

Comments