Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သထုံမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး၊ အရပ်သား ၁ ဦး ထိခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့၌ စစ်ကောင်စီ (အမတ-၃၁၄)နှင့် (ခလရ-၈)တပ်ရင်းမှ လက်နက်ကြီး (၉)လုံး ပစ်ခတ်မှုကြောင့်  ကလေး (၂) ဦး၊ အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး များသည် ဒေါင်းရွာ၌ လက်နက်ကြီး (၃)လုံး ကျရောက်ပေါက်ကွဲပြီး ဒေါင်းရွာနေ ဦးသန်းလွင် (၄၂) နှစ် နှင့် မောင်သန်းမြင့် (၁၄) နှစ်တို့ နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဒေါင်းရွာရှိ နွားတစ်ကောင်နှင့် နေအိမ် (၄) လုံး ထိခိုက် ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် တောင်ကလေးရွာအတွင်း၌လည်း လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲပြီး တောင်ကလေးရွာနေ စောဝင်းကိုကို (၅) နှစ်မှာ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ရမှုများ။

Bagan News

Comments