ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
ရခိုင်ပြည်နယ်၊ မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ခံစစ်နေရာ အများစုအား တခုပြီးတခု သိမ်းပိုက်ရရှိထားပြီး ဩဂုတ်လ (၂၄/၂၅/၂၆) သုံးရက်အတွင်းစစ်ကောင်စီ နှင့် အပေါင်းအပါ အလောင်း ၁ဝဝ ကျော်အား ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့ပြီး စစ်သုံ့ပန်း အချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။
Comments
Post a Comment