Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်

 ပဲခူးတိုင်း၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်)  လယ်ဒိုမြို့နယ်(ကျောက်ကြီး) မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟို မှထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ တွင် စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၂ မမ နှင့် ၁၂၀ မမ စုစုပေါင်း (၁၁) လုံးပစ်ခတ်မှုကြောင့် ဘုရားကြီးကျေးရွာ၊ ပဒဲကောကျေးရွာ၊ ကညင်ကြိုးကျေးရွာ၊ ငါးဖယ်အင်းကျေးရွာနှင့် လက်ခံကျေးရွာ အကြားတွင် ကျရောက်ပေါက်ကွဲ ခဲ့ကြောင်းသိရသည်။ 

၂၀၂၄ ခုနှစ်၊ ဩဂုတ် (၂၄) ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၂ မမ နှင့် ၁၂၀ မမ စုစုပေါင်း (၆) လုံးပစ်ခတ်ခဲ့ရာမှ ထိုပစ်ခတ်မှုကြောင့် ကုန်းမြင့်သာယာကျေးရွာနှင့် ယောက်သွားကုန်းကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ ကြောင်းသိရသည်။ 

၂၀၂၄ ခုနှစ်၊ ဩဂုတ် (၂၃) ရက်နေ့ တွင်လည်း စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမနှင့် ၁၂၀ မမ စုစုပေါင်း (၄) လုံးပစ်ခတ်ခဲ့ရာ ကညွန့်ကုန်းကျေးရွာနှင့် ယောက်သွားကုန်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲ ပြီး  ပဒဲကောကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ရာ ပဒဲကောကျေးရွာသား တဦး၏ ညာဘက်ပခုံးတဖက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၂၆ ရက်နေ့ တွင်လည်း စစ်ကောင်စီမှ ဆောထိမြို့န ယ်ထီးဝါးထာကျေးရွာအတွင်းသို့လေကြောင်းဖြင့် ၄ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟို မှထုတ်ပြန်သည်။

-Bagan News


Comments