Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်

 ပဲခူးတိုင်း၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်)  လယ်ဒိုမြို့နယ်(ကျောက်ကြီး) မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟို မှထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ တွင် စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၂ မမ နှင့် ၁၂၀ မမ စုစုပေါင်း (၁၁) လုံးပစ်ခတ်မှုကြောင့် ဘုရားကြီးကျေးရွာ၊ ပဒဲကောကျေးရွာ၊ ကညင်ကြိုးကျေးရွာ၊ ငါးဖယ်အင်းကျေးရွာနှင့် လက်ခံကျေးရွာ အကြားတွင် ကျရောက်ပေါက်ကွဲ ခဲ့ကြောင်းသိရသည်။ 

၂၀၂၄ ခုနှစ်၊ ဩဂုတ် (၂၄) ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၂ မမ နှင့် ၁၂၀ မမ စုစုပေါင်း (၆) လုံးပစ်ခတ်ခဲ့ရာမှ ထိုပစ်ခတ်မှုကြောင့် ကုန်းမြင့်သာယာကျေးရွာနှင့် ယောက်သွားကုန်းကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ ကြောင်းသိရသည်။ 

၂၀၂၄ ခုနှစ်၊ ဩဂုတ် (၂၃) ရက်နေ့ တွင်လည်း စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမနှင့် ၁၂၀ မမ စုစုပေါင်း (၄) လုံးပစ်ခတ်ခဲ့ရာ ကညွန့်ကုန်းကျေးရွာနှင့် ယောက်သွားကုန်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲ ပြီး  ပဒဲကောကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ရာ ပဒဲကောကျေးရွာသား တဦး၏ ညာဘက်ပခုံးတဖက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၂၆ ရက်နေ့ တွင်လည်း စစ်ကောင်စီမှ ဆောထိမြို့န ယ်ထီးဝါးထာကျေးရွာအတွင်းသို့လေကြောင်းဖြင့် ၄ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟို မှထုတ်ပြန်သည်။

-Bagan News


Comments