Skip to main content

Latest News

ဝက်လက် စစ်ဘေးရှောင်တဲကို လေကြောင်းက ပစ်ခတ်လို့ အသက် ၄ နှစ်ကလေးအပါ ၅ ယောက်သေဆုံး

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးက စစ်ဘေးရှောင်တဲတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲချခဲ့တာကြောင့် ၅ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network  ကထုတ်ပြန်ပါတယ်။  မနေ့ည ၉ နာရီခွဲခန့်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့  J-Fighter ၂ စီးက ဗုံးသီး အတွဲလိုက်ချ လေကြောင်တိုက်ခဲ့တာကြောင့် ဒေါ်သူဇာနွယ် (အသက် ၃၄ နှစ်) ၊ တွတ်ပီ (အသက်၂၆နှစ်) ၊ ဦးခင်မောင်လွင်(အသက်၇၀) အေးမြတ်သူဇာ အသက်  ၄ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်နှင်းမြလည်းရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နေအိမ် ၈လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး စိုးရိမ်ရတဲ့  ဒဏ်ရာရထားသူတွေရှိနေတယ်လို့ ဒေသခံအဖွဲ့ကပြောပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာသာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေဟာ စစ်ဘေးလာရှောင်တဲ့ ရွှေဘိုမြို့နယ် ကုလားမရွာသူ/သားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ - Bagan News 

တောင်ငူ‌ လေတပ် ဌာနချုပ်အား ဒရုန်းများ ဖြင့်တိုက်ခိုက် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက် မနည်း သေဆုံး

ပဲခူးတိုင်း၊ တောင်ငူ‌လေတပ် စခန်းဌာနချုပ်အား သြဂုတ်လ ၂၆ ရက်နေ့တွင် "Rain of Fire" စစ်ဆင်ရေးဖြင့် 114mm ရှော့တိုက်ဒရုန်းများ၊  Kamikaze drone များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြီး  စစ်‌ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိမှုများလည်းရှိကြောင်း ပျက်စီးမှုများ အတည်ပြုနေဆဲဖြစ်ကြောင်း တောင်ပိုင်းစစ်ဒသ၊ အမှတ်(၂)စစ်ဒေသခွဲကွပ်ကဲရေး မှထုတ်ပြန်သည်။ 


တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊ အမှတ်(၂ ) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူ‌လေတပ်စခန်းဌာနချုပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"Rain of Fire" စစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း(၅)) တပ်မဟာ (၂)အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်၂တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲကွပ်ကဲရေး မှထုတ်ပြန်သည်။ 

တောင်ငူမြို့ရှိ စစ်ကောင်စီ တောင်ငူလေတပ်စခန်းအတွင်းကို ဩဂုတ်လ ၂ဝ ရက်၊ ညကလည်း  ၁ဝ၇ မမ ရှော့တိုက်ဒုံး (၇) လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ (၄)လုံး အောင်မြင်စွာ ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု ပြင်းထန်နိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ ကထုတ်ပြန်ခဲ့သည်။ 

Bagan News

Comments