Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

တောင်ငူ‌ လေတပ် ဌာနချုပ်အား ဒရုန်းများ ဖြင့်တိုက်ခိုက် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက် မနည်း သေဆုံး

ပဲခူးတိုင်း၊ တောင်ငူ‌လေတပ် စခန်းဌာနချုပ်အား သြဂုတ်လ ၂၆ ရက်နေ့တွင် "Rain of Fire" စစ်ဆင်ရေးဖြင့် 114mm ရှော့တိုက်ဒရုန်းများ၊  Kamikaze drone များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြီး  စစ်‌ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိမှုများလည်းရှိကြောင်း ပျက်စီးမှုများ အတည်ပြုနေဆဲဖြစ်ကြောင်း တောင်ပိုင်းစစ်ဒသ၊ အမှတ်(၂)စစ်ဒေသခွဲကွပ်ကဲရေး မှထုတ်ပြန်သည်။ 


တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊ အမှတ်(၂ ) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူ‌လေတပ်စခန်းဌာနချုပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"Rain of Fire" စစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း(၅)) တပ်မဟာ (၂)အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်၂တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲကွပ်ကဲရေး မှထုတ်ပြန်သည်။ 

တောင်ငူမြို့ရှိ စစ်ကောင်စီ တောင်ငူလေတပ်စခန်းအတွင်းကို ဩဂုတ်လ ၂ဝ ရက်၊ ညကလည်း  ၁ဝ၇ မမ ရှော့တိုက်ဒုံး (၇) လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ (၄)လုံး အောင်မြင်စွာ ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု ပြင်းထန်နိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ ကထုတ်ပြန်ခဲ့သည်။ 

Bagan News

Comments