Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မောင်တောမြို့ စစ်ကောင်စီ နခခ (၅) စခန်းမှ ဓာတုအဆိပ်ဓာတ်ငွေ့ ဗုံးများအား အသုံးပြုတိုက်ခိုက်နေ

မောင်တောမြို့ သိမ်းပိုက်ရေး AA တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ မောင်ရွှေလေး ရေတပ် မကျရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အသည်းအသန် ခုခံနေ

စစ်ကောင်စီနှင့် အပေါင်းအပါများသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော နခခ (၅) စခန်းအတွင်းသို ဆုတ်ခွာသွားပြီး ၎င်းစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား အသုံးပြု၍ တိုက်ခိုက်ခြင်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 

ထို့အပြင် မောင်တောမြို့အတွင်းမှ ဆုတ်ခွာထွက်ပြေးနေစဉ်အတွင်း ၎င်းတို့စခန်းချကာ ခုခံစစ်ဆင်နွှဲခဲ့သော အဆောက်အဦးအား မီးရို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။


မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့အတွင်းရှိ စစ်ကောင်စီ၏ အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ ခံစစ်နေရာအများစုအား  သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်သည်။

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့တွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက် ကစဉ့်ကလျားထွက်ပြေးနေကြသော စစ်ကောင်စီတပ်သားများကို  လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသောကြောင့် မောင်တော မြို့တွင်း နေရာအချို့ ၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း အာရက္ခတပ်တော်ကဆိုသည်။ 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၇/၂၈/၂၉) နေ့တွင်လည်း မောင်တောမြို့၏ နေရာအနှံအပြားမှ  စစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲဝင်များ၏ အလောင်းများအပြင် သုံပန်းများနှင့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အရပ်သား ပြည်သူ နှစ်သောင်းခြောက်ထောင်(၂၆ဝဝဝ) နီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း AA ကထုတ်ပြန်သည်။

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြိုနယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတိုတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီတပ်မှ မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကူများ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘောအရေအတွက်များ ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံလျက်ရှိကြောင်း၊ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ကျိန္တလီ၊ ဂွ နှင့် အဆိုပါဒေသများနှင့်ဆက်စပ်နေသော နေရာများ၌ တိုက်ပွဲများပြင်းထန်နေကြောင်း အာရက္ခတပ်တော်မှထုတ်ပြန်သည်။  

-Bagan News

Comments