Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရန်ကုန်မြို့မှာ "တပ်ပျက်နေပြီ" ကြွေးကြော်သံဖြင့် သပိတ်တိုက်ပွဲကျင်းပ

"တပ်ပျက်နေပြီ" ကြွေးကြော်သံဖြင့် မြန်မာ့တပ်မတော်သားများ ပြည်သူ့ဘက်သို့ " အလံဖြူထောင်" ပူးပေါင်းရန်  သပိတ်တိုက်ပွဲတခုကို သြဂုတ်လ ၂၈ ရက်နေ့ ၌  ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများက လမ်းပေါ်တွင်ပူးပေါင်း ဖော်ဆောင်ခဲ့ကြသည်။ 

အဆုံးစွန်ထိ မိုက်ကမ်းစွာဖြင့် တိုင်းပြည်၊ လူထုနှင့် တပ်ကို ဖျက်စီး ဖိနှိပ် နေသည့် အာဏာရူး မင်းအောင်လှိုင် အတွက် အသေမခံပဲ၊  ပြည်သူ့ဘက်သို့ အမြန်ဆုံး ဘက်ပြောင်းခိုဝင်ကြရန် ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများ ကတိုက်တွန်းသည်။

ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာစသည့် မြို့ကြီးများတွင် စစ်ကောင်စီမှ ပျူစောထီးများကို အုပ်ကြီး ရာထူးပေး၊ လက်နက်တပ်ဆင်ခြင်းဖြင့်လည်းကောင်း၊ လူဖမ်းပွဲများဖြင့် အတင်းအဓမ္မပေါ်တာဆွဲ စစ်သားစု ခြင်းများဖြင့်လည်းကောင်း  ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုများကို ပို၍ ဆိုးဝါး ပြင်းထန်စွာ ဆက်တိုက်ကျူးလွန်လာကြောင်း၊ " ပြည်သူ မထောက်ခံသည့် စစ်ကို ဆင်နွှဲနေသည့်အပြင် ပြည်သူကိုပါ ဖိနှိပ်သတ်ဖြတ်နေသည့်" စစ်အုပ်စု သက်ဆိုးရှည်နေမှုကို မြန်မာ့တပ်မတော်သားများပါ နွေဦးတော်လှန်ရေးတွင် အမြန်ဆုံးပါဝင်ပူးပေါင်း၍ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြပါရန်နှင့် အထွေထွေအုံကြွအာခံမှုများဖြင့် လူထုတရပ်လုံး တိုက်ပွဲဝင် ကြရန်လည်း ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများ က အလေးအနက် ပန်ကြားသည်။

Bagan News

Comments