Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ခင်ဦးမြို့နယ်တွင် စစ်ကော်စီ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်‌သေဆုံး

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်‌သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်မှ ၁၉ ရက်အတွင်း ခင်ဦးမြို့နယ် မဒေါင်းလှ ပျူစခန်းအား တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ဌင်းနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာများအား အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်‌သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ  မဒေါင်းကြီး၊ရွှေကာ၊ဆီဆုံလေး အနီးတဝိုက်အား ပစ်ခတ်ခဲ့ကြောင်း၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဗအိုးရွာ အားအကြောင်းမဲ့ပစ်ခတ်သောကြောင့် ပြည်သူ(၁)ဦး‌သေဆုံးကာ(၃)ဦး ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။ 

သြဂုတ်လ ၂၆ ရက်နေ့တွင် မုံလှကျေးရွာအား အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး  သြဂုတ်လ ၂၉ ရက်နေ့တွင် စည်ပုတ္တရာ နှင့် သေနပ်စိန်ကျေးရွာ အား အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူ(၆)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ခင်ဦးနယ် ကျေးရွာများရှိ ကျောင်းအများစု ပိတ်ထားရပြီး ပြည်သူများ စိုးရိမ်မှုမြှင့်မားနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။

ဓာတ်ပုံ - ခင်ဦးမြို့နယ် စစ်ဘေးရှောင်များ။(ပုံဟောင်း)

Bagan News

Comments