Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက် ရဲ ၃ ဦး သေဆုံး

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ရဲစခန်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ကြောင်း PRF မှသိရသည်။


တာမွေမြို့နယ် ရဲစခန်းသည် စစ်ကောင်စီ၏ အကျိုးစီးပွားကို ကာကွယ်ကာ ပြည်သူကို နှိပ်စက် ဖိနှိပ်လျက် ရှိသော ကြောင့် အဆိုပါ တာမွေမြို့နယ် ရဲစခန်းကို (၁၄း၄၀) နာရီခန့်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ အသုံးတော်ခံ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကြောင်း မြေပြင် ထောက်လှမ်းမှုများအရ သိရှိရသည်ဟုလည်း  ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ကထုတ်ပြန်သည်။ 

အထက်ပါ ဗုံးခွဲတိုက်ခိုက်မှုကို ချီတာစစ်ဆင်ရေး "Cheetah Operation" များထဲမှ တစ်ခုအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ကထုတ်ပြန်သည်။  

-Bagan News

Comments