Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက် ရဲ ၃ ဦး သေဆုံး

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ရဲစခန်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ကြောင်း PRF မှသိရသည်။


တာမွေမြို့နယ် ရဲစခန်းသည် စစ်ကောင်စီ၏ အကျိုးစီးပွားကို ကာကွယ်ကာ ပြည်သူကို နှိပ်စက် ဖိနှိပ်လျက် ရှိသော ကြောင့် အဆိုပါ တာမွေမြို့နယ် ရဲစခန်းကို (၁၄း၄၀) နာရီခန့်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ အသုံးတော်ခံ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကြောင်း မြေပြင် ထောက်လှမ်းမှုများအရ သိရှိရသည်ဟုလည်း  ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ကထုတ်ပြန်သည်။ 

အထက်ပါ ဗုံးခွဲတိုက်ခိုက်မှုကို ချီတာစစ်ဆင်ရေး "Cheetah Operation" များထဲမှ တစ်ခုအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ကထုတ်ပြန်သည်။  

-Bagan News

Comments