Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

သပိတ်ကျင်းမြို့နယ်ရှိ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား သိမ်းပိုက်ရရှိ

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာတွင် စစ်ကြောင်းကိုတိုက်ခိုက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ တတက-၁၃၊ စခတ-၂၊ သနတ-၁ ထုတ်နုတ်အဖွဲ့ အခြေပြုနေသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် ဩဂုတ်လ (၂၉) ရက်နေ့မှ စတင်တိုက်ခိုက်ကာ ဩဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ယနေ့ထုတ်ပြန်သည်။ 


ဌင်းစခန်းများအား ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်/ သပိတ်ကျင်းမြိုနယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ၊ ကန့်ဘလူခရိုင် W-89 တိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီထံမှ လက်နက် (၁၃) လက်၊ ကျည် (၂၇၉၆) တောင့်၊ Drone Slayer (၂) လက်၊ ၆၀ မမ ဗုံးသီး (၄၃) လုံး၊ အီနာဂါ (၆) လုံး၊ ကျည်အိမ် (၂၂) ခု သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

အလားတူ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာ တောင်ဘက်၌ ချပ်ကြီးရွာမှ ထွက်လာသော ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂) နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲတို့မှ ဩဂုတ်လ (၂၇) ရက်‌နေ့တွင် ပြောက်ကျား ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၃) ဦး (အလောင်းရ) သေဆုံးပြီး (၂၀) ခန့် ထိခိုက်ဒဏ်ရာရ၍ လက်နက်ငယ် (၃) လက်၊ ကျည် (၈၃၂) တောင့်၊ ကျည်အိမ် (၃) ခု၊ Equipment (၃) ခု၊ ယူနီဖောင်း (၃) စုံ၊ လက်ထိပ် (၃) ခု၊ ဓား (၁) ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ယနေ့ထုတ်ပြန်သည်။ 

Bagan News

Comments