Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သပိတ်ကျင်းမြို့နယ်ရှိ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား သိမ်းပိုက်ရရှိ

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာတွင် စစ်ကြောင်းကိုတိုက်ခိုက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ တတက-၁၃၊ စခတ-၂၊ သနတ-၁ ထုတ်နုတ်အဖွဲ့ အခြေပြုနေသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် ဩဂုတ်လ (၂၉) ရက်နေ့မှ စတင်တိုက်ခိုက်ကာ ဩဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ယနေ့ထုတ်ပြန်သည်။ 


ဌင်းစခန်းများအား ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်/ သပိတ်ကျင်းမြိုနယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ၊ ကန့်ဘလူခရိုင် W-89 တိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီထံမှ လက်နက် (၁၃) လက်၊ ကျည် (၂၇၉၆) တောင့်၊ Drone Slayer (၂) လက်၊ ၆၀ မမ ဗုံးသီး (၄၃) လုံး၊ အီနာဂါ (၆) လုံး၊ ကျည်အိမ် (၂၂) ခု သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

အလားတူ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာ တောင်ဘက်၌ ချပ်ကြီးရွာမှ ထွက်လာသော ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂) နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲတို့မှ ဩဂုတ်လ (၂၇) ရက်‌နေ့တွင် ပြောက်ကျား ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၃) ဦး (အလောင်းရ) သေဆုံးပြီး (၂၀) ခန့် ထိခိုက်ဒဏ်ရာရ၍ လက်နက်ငယ် (၃) လက်၊ ကျည် (၈၃၂) တောင့်၊ ကျည်အိမ် (၃) ခု၊ Equipment (၃) ခု၊ ယူနီဖောင်း (၃) စုံ၊ လက်ထိပ် (၃) ခု၊ ဓား (၁) ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ယနေ့ထုတ်ပြန်သည်။ 

Bagan News

Comments